မွန် စာသင်ကျောင်းအချို့တွင် ကိုဗစ် အစုလိုက်အပြုံလိုက် ကူးစက်
diz_admin
February 12, 2022မွန်ပြည်နယ် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းအချို့တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ် အစုလိုက် အပြုံလိုက် ကူစက်ခံထားရကြောင်း မြို့နယ်ကျန်းမာရေးဌာနနှင့် ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ချောင်းဆုံမြို့နယ် ကမာမိုးကျေးရွာ အထက (ခွဲ) တွင် ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ဦးကျော်တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပိုးတွေ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို စစ်ဆေးတဲ့အခါမှာလည်း positive ထပ်တွေ့ထားတာ ရှိတယ်။ အခု ပိုးတွေ့လူနာတွေ အားလုံးကို သီးခြားထားပြီးတော့ ဆေးကုသ ပေးနေတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကမာမိုးကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာများကို […]


