မွန်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၂၅ ဦး အပါအဝင် ဖမ်းခံရသူ ၂၀၀ ကျော် ပြန်လွတ်
diz_admin
October 20, 2021မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၅ ဦး အပါအဝင် ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် ပြန်လွတ်လာကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရ ၄၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြန်လွတ်လာသူများသည် အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၀ ဦးကျော်နှင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနထံမှ သိရသည်။ “ဖမ်းခံထားရတာက မော်လမြိုင်တက္ကသိုလ်ကပဲ ၄၀ နီးပါးရှိနေတယ်၊ အခု ၂၅ ဦးပဲ ပြန်လွတ်လာသေးတယ်” ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ […]