သံဖြူဇရပ် နာရေးကူညီမှုအသင်းဝင်တစ်ဦးကို စစ်ကောင်စီက ထောင်ချ
diz_admin
December 9, 2021ယာယီတပ်ရင်းမှူးအပါအဝင် စစ်သားခြောက်ဦး၏ အလောင်းကို ဓာတ်ပုံရိုက်ပြီး Facebook တွင်တင်သည် ဟုဆိုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရုပ်အလောင်း ဓာတ်ပုံများ Facebook တွင် တင်သဖြင့် အသရေဖျက်မှုအပြင် ပုဒ်မ ၅၀၅ (က) ဖြင့်ပါ စစ်ကောင်စီက အမှုဖွင့်ကာ ဦးကျော်ဝင်းကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ “စစ်သားအလောင်းတွေကို ဓာတ်ပုံရိုက် Facebook ပေါ်တင်ခဲ့တဲ့ ကိစ္စနဲ့ ဦးကျော်ဝင်းကို ဖမ်းဆီး တရားစွဲခဲ့တယ်။ မနေ့ (ဒီဇင်ဘာ ၈) က ထောင်တစ်နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသရေဖျက်မှုကို အောက်တိုဘာလကတည်းက ထောင်ဒဏ် သုံးလ အမိန့်ချခဲ့ပြီး […]