ရေး လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲခံရ
diz_admin
September 9, 2022မွန်ပြည်နယ်၊ ရေးမြို့က အောင်မင်္ဂလာနာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်းကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါ အသင်းကားသည် စက်တင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီ (ယနေ့ နံနက်) ခန့်က မော်လမြိုင်သို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။ လူမှုကယ်ဆယ်ရေးအသင်းကားမောင်းသူ မိုင်းစထိမှန်ကာ ဒဏ်ရာရပြီး အသင်းကားလည်း ပျက်သွားသည်ဟု ယင်းအသင်းထံမှ သိရသည်။ “မော်လမြိုင်ကို လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတယ်။ ယာဉ်မောင်း ပြင်းထန် ဒဏ်ရာ ရရှိသွားတယ်” ဟု အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသင်းသားယာဉ်မောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ပေးနေကြောင်း […]


