မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့နှင့် NUG တို့ မဟာမိတ်ဖွဲ့ရန် သဘောတူ
Dawei Watch
February 23, 2024မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွဲဆောင် ရွက်နိုင်ရေးအတွက် ယင်းအဖွဲ့နှစ်ဖွဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ထားသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် – ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်း ဆောင် ၂- ဗိုလ်ချုပ် လယိဂကောင်းနှင့် မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ “စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတာ မထူးတော့ဘူး ဘာအကျိုးအမြတ်လည်းမရှိတော့ဘူး။ အကျိုးအမြတ်မရှိတော့တဲ့အတွက်ကြောင့် အခုလို့ လမ်းသစ်ဖောက်ဖို့ ဒီနည်းလမ်းသစ်ကို […]


