ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်

Dawei Watch

December 8, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့တို့ထံမှ သိရသည်။ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ဦးလင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကိုရေးဘီလူးအဖွဲ့က ဒီဇင်ဘာလ ၇ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “လင်းဦး ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက အုပ်ချုပ်ရေးမှူးရုံးမှာပဲ ရုံးထိုင်နေကြတာလေ။ အဲဒါကို ရေးဘီလူးအဖွဲ့က ဝင်ပစ်တာ။ သေတာ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိဘူး။ နောက်ပြီး လင်းဦးလည်း ထိထားတယ်” ဟု အာယုတောင် ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး အဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အာယုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေးတင်းကျပ်ထားပြီး […]

ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အရပ်သားသုံးဦး ဒဏ်ရာရ

Dawei Watch

December 3, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယမန်‌နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းရွာကျေးရွာအခြေစိုက် စစ်အာဏာရှင် ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးတစ်လုံးသည် လူနေအိမ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “တိုက်ပွဲက ၅၉၁ ဘက်မှာ ဖြစ်တာ။ အဲဒီဘက်မှာ ပစ်ခတ်ကြပြီးတော့ ရွာဘက်ကို […]

ရေး၊ ခမရ ၅၈၆ တပ်ရင်းက ထွက်ပြေးလာသော တပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းမိထားဟုဆို

Dawei Watch

December 1, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်အာဏာရှင် ခမရ ၅၈၆ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းမိသဖြင့် ထိန်းသိမ်းထားသည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၃ ဦးသည် ရေးဘီလူးတပ်ရင်း ရှေ့တန်းစစ်မျက်နှာနေရာသို့ ထွက်ပြေးလာကြသည့်အတွက် ရေးဘီလူးအဖွဲ့ကဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။ “ခမရ ၅၈၆ တပ်ရင်းက တပ်သား ၃ ဦးက ကျွန်တော်တို့ ရေးဘီလူး တပ်ရင်း စစ်မျက်နှာ ဖွင့်ထားတဲ့ နယ်နမိတ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့အတွက် ကျွန်တော်တို့တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။ ထွက်ပြေးလာတဲ့ ၃ ယောက်မှာ လက်နက်တွေ ဘာတွေတော့ ပါမလာဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က […]

မော်လမြိုင် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်ကို စစ်ကော်မရှင်က လူဝတ်လဲခိုင်းပြီး အမှုဖွင့်

Dawei Watch

November 29, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိကို စစ်ကော်မရှင်က လူဝတ်လဲခိုင်းပြီး အမှုဖွင့်အရေးယူထားကြောင်း ဆရာတော်နှင့် နီးစပ်သူသည့် မြို့ခံများက ပြောသည်။ ဆရာတော် အရှင်စန္ဒာဇောတိကို စစ်အာဏာရှင် လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆရာတော် သီတင်းသုံးရာ ဇေတဝန်ကျောင်းတိုက်တွင် လာရောက် ဖမ်းဆီးခဲ့သည်။ ဆရာတော်ကို ဖမ်းဆီးသွားပြီးနောက် လူဝတ်လဲခိုင်းကာ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်ကို ကနဦး သိထားရကြောင်း ဆရာတော်နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ဆိုသည်။ “ဆရာတော်ကို လူဝတ်လဲလိုက်ပြီးတော့ မုပွန်နယ်မြေရဲစခန်းမှာ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ကနဦး သိထားရပါတယ်။ တခြားပုဒ်မတွေလည်း ရှိလာနိုင်မယ်” ဟု […]

မော်လမြိုင် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်နှင့် တပည့်နှစ်ဦးတို့ကို စစ်အာဏာရှင်တပ် ဖမ်းဆီး

Dawei Watch

November 28, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။ ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်အာဏာရှင်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဆရာတော် သီတင်းသုံးရာ ဇေတဝန်ကျောင်းတိုက်တွင် လာရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။ ဆရာတော်နှင့်အတူ တပည့် နှစ်ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိတွင် ဆရာတော်ကို မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသည်ဟု ကြားသိရသော်လည်း အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကျောင်းတိုက်နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ “ဘာကြောင့် ဖမ်းသွားတာလဲတော့ မသိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ဆရာတော်ကို ဖမ်းဆီးသွားပြီးနောက် ဆရာတော်ကျောင်းရှိ ကားများ၊ ဆရာတော် […]

သထုံနှင့် ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၁ ဦး လွတ်မြောက်

Dawei Watch

November 27, 2025

မွန်ပြည်နယ်အတွင်းရှိ သထုံနှင့် ကျိုက်မရောအကျဉ်းထောင်တို့မှ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးနေသူများထံမှ သိရသည်။ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးတွင် ကျိုက်မရောအကျဉ်းထောင်မှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား ၅ ဦး ဖြစ်သည်။ “လက်ရှိ သိထားသလောက်ကတော့ မွန်မှာက ကျိုက်မရောနဲ့ သထုံအကျဉ်းထောင်က ၁၁ ဦး လွတ်လာတယ်။ မော်လမြိုင်ထောင်က လွတ်လာတာ မရှိသေးဘူး။ ထပ်လွတ်လာတာ ရှိသေးလာတော့ စာရင်းအတိအကျ မရသေးဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။ စစ်ကော်မရှင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ […]

ရေး အစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

November 27, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ အစင်စံပြကျေးရွာက အသက် ၅၀နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲဆိုသူသည် နိုဝင်ဘာလ ၂၆ရက်နေ့ ည ၇နာရီ ဝန်းကျင်က အစင်ကျေးရွာဘက်မှ ဇီးဖြူသောင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ပစ်ခတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။ ဦးမောင်ဖဲသည် ဦးခေါင်း၊ ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ရာ နေရာတွင် သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။ “ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှာ သေနတ်သမားတွေက အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်လိုက်တာ။ ပစ်ခတ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးမောင်ဖဲ ပစ်သတ်ခံရပြီးနောက် အစင်ကျေးရွာသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်သူ့စစ်အဖွဲ့ဝင် […]

ကိုယ်စားလှယ်လောင်း မဲဆွယ်စာရွက်ကို ဆုတ်ဖြဲ၍ဟုဆိုကာ ချောင်းဆုံဒေသခံတစ်ဦးကို ထောင် ၁၇ နှစ်ချ

Dawei Watch

November 21, 2025

မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း)မြို့နယ်၊ ကွမ်ရိုက်ကျေးရွာက အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေများဖြင့် စစ်အာဏာရှင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဆိုသူသည် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲလိုက်သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုနောက် ဦးကျော်မြင့်ကို ချောင်းဆုံမြို့မရဲစခန်းတွင် (ပ) ၁၂၆/၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ စစ်အာဏာရှင်က ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေးပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်လမြိုင်ခရိုင် […]