ကျိုက်ထိုတွင် စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရ
Dawei Watch
August 10, 2025မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို စစ်အာဏာရှင်တပ်က သြဂုတ်လ ၉ ရက် နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပိန္နဲကုန်းကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် ပိန္နဲကုန်းကျေးရွာနေ အသက် အသက် ၆၂ နှစ်အရွယ် ဦးကျော်သိန်း သေဆုံးပြီး ကိုအောင်ဖြိုးဝေ၊ ကိုဖြိုးကြီး၊ ကိုအောင်စိုးမိုးအပါအဝင် ကျေးရွာသား ငါးဦးထက်မနည်းလည်း ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ် ရွာထဲကို။ ရွာမှာက ဘာတိုက်ပွဲမှလည်း ဖြစ်တာမရှိပါဘူး။ အဲဒီမှာ သက်ကြီးပိုင်း အမျိုးသားတစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တာကတော့ ဒဏ်ရာရကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက […]