ကြာအင်းဆိပ်ကြီးတွင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် သေဆုံး
Dawei Watch
January 22, 2026ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ ကြခတ်ချောင်းကျေးရွာအုပ်စု၊ ဝါးဘိုးကုန်းကျေးရွာက အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်ဝိုင်းသည် ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီခန့်တွင် ရော်ဘာခြံတွင် ရော်ဘာအစေးခြစ်နေစဉ် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်အာဏာရှင် ခလရ ၂၈၄ တပ်ရင်းက တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေါ်ခင်ဝိုင်းသည် ဦးခေါင်းတွင် ကျည်ထိမှန်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ရော်ဘာခြစ်နေတဲ့အချိန်မှာ ပစ်ခတ်ခံရတာ။ ခြံကတော့ ၂၈၄ တပ်ရင်းနဲ့ မဝေးဘူး။ အဲဒီတပ်ရင်းကနေ လှမ်းပစ်တာ။ ရော်ဘာခြံမှာ လူတွေ အစေးခြစ်နေတာကို သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိကို ပစ်သတ်သွားတာ” […]


