သံဖြူဇရပ် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ
Dawei Watch
December 20, 2023မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုကို အား စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် ဒုဦးစီးမှူး ဦးအောင်ကိုကိုသည် ဌာနတွင်းသတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ၎င်းကို သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းတွင် ထောင်ဒဏ် တစ်သက်အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ထားကြောင်း မြို့ခံအချို့ ဆိုသည်။ ဦးအောင်ကိုကို ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို Dawei Watch […]