အမှားများသည့် မွန်မဲစာရင်း
diz_admin
August 10, 2020မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကြေညာကပ်ထားသည့် မဲစာရင်းများတွင် အချက်အလက် မှားယွင်းမှု များပြားနေသည်ဟု မဲဆဆန္ဒရှင်ပြည်သူများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတို့ထံမှ သိရသည်။ မဲစာရင်း အချက်အလက်မှားယွင်းမှုသည် မဲရုံတိုင်းတွင်ရှိနေပြီး အချို့မဲရုံများ တွင် ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကျော်အထိ မှားယွင်းနေကြောင်း မဲစာရင်းစောင့်ကြည့်လေ့လာနေသူတို့က ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် “ကျွန်မတို့ မဲရုံတွေကို လိုက်မေး ကြည့်တယ်။ ဘယ်နှဦးလာကြည့်ပြီး ပြီလဲ။ ဘယ်လောက်ပြင်ရလဲ။ တချို့နေရာဆိုရင် ငါးယောက်လာကြည့်တာ သုံးယောက်က ပြင်ရတယ်။ အဲလိုမျိုး ရှိတယ်” ဟု မဲစာရင်းကြည့်ရေး ကမ်ပိန်း လုပ်နေသည့် မခိုင်ခိုင်လဲ့မြင့်က ပြောသည်။ ပထမအကြိမ် မဲစာရင်းကို ဇူလိုင် လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ ထိ ၁၄ […]


