ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းတွင် ကုန်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆယ်ကျော်သက်တစ်ဦးသေဆုံး

Dawei Watch

May 19, 2025

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းရှိ အေးချမ်းမြိုင်ကျေးရွာအနီး ဒေသအခေါ် (ဗူးပင်ကွေ့) နေရာတွင် ကုန်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆက်ကျော်သက်လူငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၁၇ရက် နံနက် ၁၀နာရီဝန်းကျင်တွင် ရန်ကုန်ဘက်မှ ကော့သောင်းသို့ မောင်းနှင်လာသည့် ၁၂ ဘီးတပ်ကုန်တင် ကားနှင့် ဘုတ်ပြင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ လမ်းအကွေ့တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာသည့် အသက် ၁၉ နှစ်အရွယ် မောင်စိုးသူ ခေါ် ဆန်းငယ် ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံတွင် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အနောက်မှာပါလာတဲ့ တစ်ယောက်ကတော့ လွင့်ထွက်သွားတယ်။ ခြေ‌ထောက်နှစ်ဖက်စလုံး ကျိုးသွားလို့ ကော့သောင်း ဆေးရုံကို အရေးပေါ် တင်လိုက်ရတယ်။ မောင်းတဲ့သူကတော့ […]

ဘုတ်ပြင်းတွင် စစ်ကူလာသည့်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

Dawei Watch

May 9, 2025

ဘုတ်ပြင်းမြို့ဘက်မှ လေညာကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ မေလ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘုတ်ပြင်းဘက်မှ VIGO ကား ငါးစီး၊ ကျောက်တင်ကား နှစ်စီးတို့ဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို ဘိုဒါးနှင့် ဝါးချောင်းကျေးရွာကြား ‌ကျောက်ဖြူတောင် ရေချိုချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က မေလ ၉ ရက်တွင် ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းတွင် ခလရ-၂၂၄ ၊ ခမရ ၃၅၈ နှင့် ခလရ ၄၃၂ တပ်ရင်းသုံးခုက စစ်ကောင်စီတပ်သားများပါဝင်ကြောင်း ပူး‌ပေါင်းတပ်တွင်ပါဝင်သည့် KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ ၏ ပြန်ကြားရေးတာဝန်ခံက […]

ရာသီပေါ်စ ဒူးရင်းသီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဈေးကောင်းမရ

Dawei Watch

May 4, 2025

မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီး စပေါ်နေပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေး‌ကောင်းမရဘဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲများကြောင့် ပြည်ထောင်စုလမ်းတစ်လျှောက် သယ်ယူပို့ဆောင်ရန် အဆင်မပြေသည့်အတွက် ဈေးကောင်းမရခြင်း ဖြစ်ကြောင်း ဒူးရင်းသီးရောင်းဝယ်သူအချို့က ဆိုသည်။ “ကားလမ်းပိတ်လိုက်တော့ ဒူးရင်းသီးဈေးတွေ တအားကျနေတယ်။ ပေါ်ဦးပေါ်ဖျားဆိုပေမယ့် အခြား‌ဒေသတွေကို တင်ပို့ မရတော့ ဈေးက ရှယ်ကျနေတယ်” ဟု ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။ ယမန်နှစ်က ဒူးရင်းသီးအကြီးတစ်လုံးလျှင် ငွေကျပ်တစ်သောင်းဝန်းကျင် ဈေးရသော်လည်း လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းအပြင် ဒူးရင်းသီး အသေးတစ်လုံးလျှင် ယမန်နှစ်က ကျပ်လေးထောင်ဝန်းကျင်ရှိရာက ယခုနှစ်တွင် ကျပ်နှစ်ထောင်ဝန်းကျင်သာ ဈေးရတော့ကြောင်း သိရသည်။ ဒူးရင်းသီး၏ အရွယ်အစားအပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေခြင်းဖြစ်သည်။ မုတ်သုန်ရာသီမဝင်မီ မိုးရွာသွန်းနေခြင်းကလည်း ဒူးရင်းစိုက်တောင်သူများအတွက် […]

ကော့သောင်းတွင် ဇနီးကိုသတ်ပြီး ခင်ပွန်းဖြစ်သူလည်း ကြိုးဆွဲချသေဆုံး

Dawei Watch

April 27, 2025

ကော့သောင်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကိုသတ်ပြီး ယင်းနောက် ခင်ပွန်းဖြစ်သူလည်း ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံများက ပြောသည်။ ကော့သောင်းမြို့၊ ချမ်းဖန်းကျေးရွာ၌ ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၅နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းနှင့် ဇနီးတို့ နှစ်ဦးစလုံးသေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူ့ယောင်္ကျားက စိတ်သိပ်မနှံ့ဘူး။ ရန်ဖြစ်ပြီး သူ့ဇနီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ်လို့ကြားရတယ် ” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူများသည် ချမ်းဖမ်းရွာတွင် နေထိုင်သည့် အသက် ၆၄နှစ်အရွယ် ဦးသန်းလွင်နှင့် ဇနီးဖြစ်သူ အသက် ၆၆နှစ်အရွယ် ဒေါ်ခင်သန်းတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရုပ်အလောင်းများကို ကော့သောင်းမြို့ (၂) မိုင်ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့ သယ်ယူ‌ပို့ဆောင်ပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ (ကော့သောင်းမြို့) ထံမှ […]

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသုံးဦး ကော့သောင်းခရိုင်တွင် ဘက်ပြောင်းခိုလှုံ

Dawei Watch

April 25, 2025

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသုံးဦးသည် ဧပြီလ ဒုတိယအပတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်းက ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ စစ်မှုထမ်းအပတ်စဥ် (၉) သင်တန်းဆင်း ပဲခူးတိုင်းဒေသခံ အသက် ၃၁နှစ်အရွယ် ကိုရဲဝင်းအောင်၊ အသက် ၂၄နှစ်အရွယ် ကိုသူရစိုးနှင့် မန္တလေးဒေသခံ အသက် ၂၈ နှစ်အရွယ် ကိုစည်သူကျော်တို့ ဘုတ်ပြင်းမြို့နယ်ထဲတွင် ဘက်ပြောင်း ခိုလှုံလာခြင်းဖြစ်ကြောင်း အဆိုပါ တပ်ရင်းထံမှ သိရသည်။ ကိုရဲဝင်းအောင်နှင့် ကိုသူရစိုးတို့သည် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်တိုင်းရှိ အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ဂျိုးဖြူ) တွင် စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက် ဘုတ်ပြင်းမြို့ ၊ စကခ (၁၃) ဌာနချုပ်သို့ […]

ထွက်ပြေးလာသည့် စစ်မှုထမ်းစုဆောင်းခံရသူနှစ်ဦး တော်လှန်ရေးအဖွဲ့များထံ ခိုလှုံ

Dawei Watch

April 19, 2025

ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရစဥ် စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူ တစ်ဦးနှင့် စစ်မှုထမ်းသင်တန်းသို့ အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရသူတစ်ဦးတို့ ကော့သောင်းခရိုင် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ထွက်ပြေးလာကာ ခိုလှုံခဲ့ကြသည်။ ထိုင်းမှပြန်ပို့ခံရသည့် ကိုအောင်စိုးမှာ ကော့သောင်းမြို့၊ ခမရ (၄၃၁)တပ်ရင်းတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး ဧပြီလ ၁၆ ရက် ညတွင် ထွက်ပြေးလာခဲ့ကာ ဧပြီ ၁၇ရက်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ထွက်ပြေးစဉ် ကိုအောင်စိုး အပါအဝင် ၃ ဦးဖြစ်သော်လည်း ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများတွေ့ပြီး တိုက်ခိုက်ကြရာမှ လူစုကွဲသွားကြောင်း ဘက်ပြောင်းခိုလှုံသူ၏ပြောဆိုချက်ကို ကိုးကား၍ ကော့သောင်းပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက Dawei Watch ကို ပြန်ပြောပြသည်။ “ကျွန်တော်တို့ဘက်ကို ဆက်သွယ်လာလို့ သွားခေါ်ပေးတော့ […]

သီဆိုကခုန် မပါဘဲသင်္ကြန်ကျင်းပမည်ဆိုသည့် စစ်ကောင်စီက ကော့သောင်း ဗဟိုမဏ္ဍပ်ကို အဆိုအကများဖြင့် ဖွင့်လှစ်

Dawei Watch

April 14, 2025

ငလျင်ဘေးကြောင့် အပျော်အပါး၊ သီဆိုကခုန်ခြင်းများမပါဝင်ဘဲ ကျင်းပမည်ဟု စစ်ကောင်စီက အသံကောင်းဟစ်ထားထားသော်လည်း ကော့သောင်းသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုမူ သီဆိုကခုန်မှုများဖြင့် ဖွင့်လှစ်ခဲ့သည်။ ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ကော့သောင်းမြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပခဲ့ပြီး ယင်းဖွင့်ပွဲတွင် ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအကအဖွဲ့များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ “အရင်နှစ်တွေကအတိုင်းပဲ ရပ်ကွက်လိုင်း အကဖွဲ့တွေ ဝင်ပြိုင်ပြီး ဆုပေးတယ်။ (ဗဟို)မဏ္ဍပ်ပေါ်မှာရော၊ စင်အောက်မှာပါ အကအဖွဲ့တွေ သင်္ကြန်သီချင်းနဲ့ရော၊ မြန်မာသံစဉ်သီချင်းတွေနဲ့ ကနေကြတာပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။ သင်္ကြန်မကျခင် ဧပြီလ ၁၁ ရက်နေ့ကလည်း ရပ်ကွက်သင်္ကြန်အကဖွဲ့များက ယိင်းအကများဖြင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကပြခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ပြင်းထန်ငလျင်ဘေးကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး၊ သီဆို၊ အကအခုန်များမပါဝင်ဘဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလ ၃ ရက်နေ့ကတည်းက […]

ကော့သောင်းတွင် စစ်ကောင်စီနှင့်ပူးပေါင်းသည်ဆိုသော အိမ်ခြံ‌မြေပွဲစား ပစ်သတ်ခံရ

Dawei Watch

April 14, 2025

စစ်ကောင်စီနှင့် ပူးပေါင်းပြီး အိမ်ခြံမြေများ မတရားသိမ်းယူနေသည်ဆိုသည့် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူဖြူကျေးရွာနေ အိမ်၊ခြံမြေပွဲစားတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ဦးကို ကော့သောင်းမြို့နယ်၊မြို့ပြပြောက်ကျား(‌ဗိုလ်သမန်းကျား)အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်ခြံမြေ ပွဲစားဆိုပေမယ့် သူကစစ်တပ်နဲ့ပေါင်းပြီး ပြည်သူပိုင် မြေတွေကို မတရားနိုင်ကျင့်ပြီး သိမ်းယူ ဒုက္ခပေါင်းစုံ ပေးတယ်။လူမုန်းများတယ်” ဟု ၎င်းကပြောသည်။ ပစ်ခတ်ခံရပြီးနောက် ဦးမြင့်လွင်ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံအချို့ကဆိုသည်။ “သူများမျက်ရည်ပေါက် ကြီးငယ်ကျအောင် မတရားလုပ်ပြီးမြေတွေသိမ်းတယ်။ သူက စစ်တပ်အတွက် အလုပ်လုပ်ပေးတယ်။ ဒလန်ဆိုလည်းပြောလို့ရတယ်” ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ […]