သီဆိုကခုန် မပါဘဲသင်္ကြန်ကျင်းပမည်ဆိုသည့် စစ်ကောင်စီက ကော့သောင်း ဗဟိုမဏ္ဍပ်ကို အဆိုအကများဖြင့် ဖွင့်လှစ်
Dawei Watch
April 14, 2025ငလျင်ဘေးကြောင့် အပျော်အပါး၊ သီဆိုကခုန်ခြင်းများမပါဝင်ဘဲ ကျင်းပမည်ဟု စစ်ကောင်စီက အသံကောင်းဟစ်ထားထားသော်လည်း ကော့သောင်းသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုမူ သီဆိုကခုန်မှုများဖြင့် ဖွင့်လှစ်ခဲ့သည်။ ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ကော့သောင်းမြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပခဲ့ပြီး ယင်းဖွင့်ပွဲတွင် ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအကအဖွဲ့များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ “အရင်နှစ်တွေကအတိုင်းပဲ ရပ်ကွက်လိုင်း အကဖွဲ့တွေ ဝင်ပြိုင်ပြီး ဆုပေးတယ်။ (ဗဟို)မဏ္ဍပ်ပေါ်မှာရော၊ စင်အောက်မှာပါ အကအဖွဲ့တွေ သင်္ကြန်သီချင်းနဲ့ရော၊ မြန်မာသံစဉ်သီချင်းတွေနဲ့ ကနေကြတာပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။ သင်္ကြန်မကျခင် ဧပြီလ ၁၁ ရက်နေ့ကလည်း ရပ်ကွက်သင်္ကြန်အကဖွဲ့များက ယိင်းအကများဖြင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကပြခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ပြင်းထန်ငလျင်ဘေးကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး၊ သီဆို၊ အကအခုန်များမပါဝင်ဘဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလ ၃ ရက်နေ့ကတည်းက […]


