ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား
diz_admin
November 17, 2020ကော့သောင်းခရိုင်၊ ပင်လယ်တွင် ပေါ်လာနေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်းနှင့် လန်ပိကျွန်းများ အနီးတဝိုက်ရှိ ပင်လယ်ရေပြင်တွင် ကျောက်ငါးမျိုးစိတ်များကို မသေမရှင် အနေအထားဖြင့် ရေပေါ် ပေါလောပေါ်နေသည်ကို စက်တင်ဘာလဆန်းခန့်က ဒေသခံရွာသားများနှင့် ဒေသခံရေလုပ်သားအချို့က စတင်တွေ့ရှိလာကြခြင်းဖြစ်သည်။ အဆိုပါ ကျောက်ငါးမျိုးစိတ်များကို နိုဝင်ဘာလ ၆ ရက်က ရန်ကုန်ငါး လုပ်ငန်းဦးစီးဌာန၊ ငါးရောဂါဌာနစု ဓာတ်ခွဲခန်းသို့ ကျောက်ငါးမျိုးစိတ်နှစ် ကောင်ကို ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီး လက်ရှိအချိန်ထိ အဖြေမသိရသေးဟု အထက်ပါဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ “ရေနမူနာက မပို့ရသေးဘူး။ ရေငုပ်သမားရှာနေတာနဲ့ ဘာနဲ့ ဒီနေ့မှ ရေက ရတယ်။ ပင်လယ်ပြင်ရေအောက်ကြမ်းပြင်က ရေကိုယူပြီး ဓာတ်ခွဲခန်းပို့မှာပေါ့။ ရေထဲမှာ ဘယ်လို […]


