ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သံတုံးဖြင့်ပစ်သူအား အမှုဖွင့်

diz_admin

December 24, 2020

‌ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သံတုံးဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသားအား ထောင်ဒဏ်တစ်နှစ်ချမှတ်နိုင်သည့် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၆(အခြားသူ၏ အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု) ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့် ထိုဥပဒေပုဒ်မကို ကျူးလွန်ပက တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငါးသောင်းကျပ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ အဆိုပါ အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၇ ရက် ည ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူရှိနေစဉ် ယင်းရပ်ကွက်နေ အသက် ၃၃ နှစ် […]

မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ငါးမျှားသူ ထိုင်းနိုင်ငံသား ၂၀ ကို ချစ်ကြည်ရေးအတွက် ပြန်လွှတ်

diz_admin

December 24, 2020

မြန်မာ့ရေပိုင်နက်အတွင်း ကျူး ကျော်ငါးမျှားခဲ့သည့် ထိုင်းနိုင်ငံသား ၂၀ ဦးအား နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော့သောင်း မြို့နယ် ဦးစီးမှူးရုံး(လဝက)ထံမှ သိရသည်။ ကော့သောင်း အက်ဒမန်ပင်လယ် မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ကာ ငါးမျှားနေသည့် ထိုင်းအပျော်စီးလှေတစ်စီးကို တပ်မတော်ရေ က နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဖမ်းမိသူများတွင် ထိုင်းနိုင်ငံသား ၂၁ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ ပါဝင်သည်ဟု ကော့ သောင်းငါးလုပ်ငန်းဦးစီးဌာနနှင့် ကော့သောင်းမြို့နယ် လဝကထံမှ သိရသည်။ ဖမ်းမိခဲ့သူများကို တပ်မတော် (ရေ)က ကော့သောင်း လဝကသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု အထက်ပါဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တပ်မတော်(ရေ)က […]

ထိုင်းနိုင်ငံ အကျဉ်းထောင်နှင့် အချုပ်တို့မှ လွတ်မြောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ဝ ဦးကျော် ခုနစ်လကျော်ကြာ ထိန်းသိမ်းခံရ

diz_admin

December 22, 2020

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်တို့မှ လွတ်မြောက်ခဲ့သည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၀ဝ ဦးကျော်မှာ အချိန်ခုနစ်လကျော်ကြာသည်အထိ ထိန်းသိမ်းခံနေရကြောင်း ယင်းရွှေ့ပြောင်း အလုပ်သမားတချို့ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံ လန်စွမ်းမြို့ အကျဉ်း ထောင်မှ လွတ်မြောက်ပြီး ထောင်ဝင်းအတွင်း အဆောင်တစ်ခုတွင် ထိန်းသိမ်း ခံရပြီးနောက် တာဝန်ရှိသူတို့မှ ရနောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ယင်းထောင်မှ လွတ်မြောက်လာသူ မြိတ်မြို့နေ ဦးယုနိုင်က ပြောပြသည်။ “တစ်ခန်းမှာဆို အယောက် ၆၀ ကျော်အထိ နေနေရတယ်” ဟု ဦးယုနိုင်က ပြောသည်။ ၎င်းနှင့် တစ်ခန်းထဲအတူနေသူများအနက် ထောင်နှင့် အချုပ်တို့မှ လွတ် မြောက်ခဲ့ပြီး အချိန်အနည်းဆုံး သုံးလမှ ခုနစ်လကျော်သည်အထိ ထိန်းသိမ်းခံနေသူများပါရှိကြောင်း ဦးယုနိုင်က ပြောပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ […]

လေးတန်းကျောင်းသူအား အဓမ္မပြုရန်ကြံစည်မှုဖြင့် ၆၅ နှစ်အရွယ် အမျိုးသားကိုဖမ်း

diz_admin

December 18, 2020

လေးတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုရန် ကြံစည်သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်များနှင့် ပြည်ကြီးမဏ္ဍိုင်ရဲစခန်း ထံမှသိရသည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ဘန်းဂလား ကျေးရွာအုပ်စု၊ ပျဉ်းမချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာပထမအပတ်က အမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ တစ်ရွာတည်းနေ အိမ်နီးချင်း ဦးအောင်မိုး ဆိုသူမှ အသက် ၁၁ နှစ်ရှိ မိန်းကလေးအား နင်းနှိပ်ပေးရန် ခေါ်ယူခဲ့ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားနေသည့် အချိန် ၎င်း၏အဖွားဖြစ်သူမှ မြေးပျောက်သည့်အတွက် လိုက်လံအော်ဟစ် ခေါ်နေသည့်အသံ ကြားသဖြင့် ငွေနှစ်ရာပေးကာ မည်သူ့ကိုမျှ မပြောရန်နှင့် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ လွှတ်ပေးခဲ့ကြောင်း ကာယကံရှင်၏ အဖွား ဖြစ်သူက ပြောသည်။ “သူကဖြစ်ဖြစ်ချင်း ပြောမပြရဲဘူး၊ အဖေရိုက်မှာကြောက်လို့။ […]

တနင်္သာရီမြို့နှင့် ပါချန်မြစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်မည်

diz_admin

December 17, 2020

တနင်္သာရီမြို့နှင့် ပါချန်မြစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ၊ အနောက်သာရဖုံကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း သုံးခု၊ ကော့သာင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ မာရမ်းကျေးရွာ၊ ဆိပ်ဖူး ကျေးရွာအနီးရှိ ပါချန်မြစ်ကမ်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း လေးခုကို ဆောက်လုပ်မည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ တိုင်းဦးစီးမှူး ဦးဇေယျာထွန်းက ပြောသည်။ “တနင်္သာရီမြစ်ရဲ့ ကမ်းပြိုကာကွယ် ရေးလုပ်ငန်းတွေ လုပ်ရသလို အခု ဒီနှစ်မှာတော့ ပါချန်မြစ်ကတော့ နှစ်အလိုက်လုပ်ရတယ်။ ဘာလို့ဆို နယ်စပ် မြစ်ဖြစ်တယ်။ မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် ကမ်းပြိုကာကွယ်ရေးတွေကို ဆောင်ရွက်ပေးရတယ်” ဟု ၎င်းက ဆိုသည်။ မြစ်ရေတိုက်စားမှုနှင့် မြစ်ကမ်း ပါးပြိုကျမှုကြောင့် စိုက်ပျိုးမြေ မဆုံး ရှုံးစေရေးနှင့် မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် […]

ကော့သောင်းလျှပ်စစ်မီး မပျက်စေရေး စီမံထားဟု တင်ဒါအောင် ကုမ္ပဏီပြော

diz_admin

December 17, 2020

ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ် မီးအချိန်ကြာကြာ မပျက်စေရေးစီမံထားကြောင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် တင်ဒါအောင်ထားသည့် ဖိုးသီးချိုကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။ လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ် ဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးရန် ဖိုးသီးချို ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။ သဘာဝဘေး အပါအဝင် အခြားအခြေအနေအမျိုးမျိုးကြောင့် ၂၄ နာရီ ပတ်လုံး မီးမပျက်စေရေးအတွက် ရပ်ကွက်အလိုက် အရန်မီးစက်များထားရှိပြီး စီမံထားကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီသုံးခု ဈေးနှုန်းတူ “တစ်ခုခုဖြစ်ရင် တစ်ရပ်ကွက်ချင်းကို Back Up နဲ့ ပြန်ပေးလို့ရအောင် စက်တွေရှိပြီးသားဖြစ်တဲ့အတွက် ဒီဟာက ပူစရာနည်းတာပေါ့နော်” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ကော့သောင်းလျှပ်စစ်တင်ဒါကို ကုမ္ပဏီ ခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် ကုမ္ပဏီ သုံးခုသာ တင်ဒါအောင်မှတ်ရ ရှိခဲ့ရာတွင် လက်ရှိ လျှပ်စစ်ထုတ်လုပ် […]

ကော့သောင်း လျှပ်စစ်လုပ်ခွင့်ရကုမ္ပဏီ ရွေးချယ်ပြီးဟုဆို

diz_admin

December 9, 2020

ကော့သောင်းမြို့နယ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီကို တိုင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောကြားသည်။ ပြီးခဲ့သည့်အပတ်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့အစည်းအဝေး(ကက်ဘိနက်)တွင် လုပ်ခွင့်ရကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် မည်သည့်ကုမ္ပဏီအား ရွေးချယ်လိုက်သည်ဆိုသည်ကိုမူ ဝန်ကြီးက ထုတ်ဖော် ပြောဆိုခြင်း မပြုပေ။ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးတင်ဒါဖွင့်ရာတွင် ကုမ္ပဏီသုံးခု၏ လျှပ်စစ်တစ်ယူနစ် အဆိုပြုဈေးနှုန်းများမှာ တူညီနေသည်။ အဆိုပါ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးတင်ဒါအတွက် ကုမ္ပဏီ(Profile) နှင့် Technical (နည်းပညာပိုင်း) အတွက် အမှတ်ပေး ယှဉ်ပြိုင်သည့် တင်ဒါဖွင့် ဖောက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဈေးနှုန်းအဆိုပြုခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ သည်။ […]

ကျောက်ငါးဈေး ထိုးကျ

diz_admin

December 8, 2020

ကော့သောင်းဈေးကွက်နှင့် ထိုင်းနိုင်ငံဈေးကွက်တွင် ကျောက်ငါးဈေး ထိုးကျနေပြီး အရောင်းအဝယ်ရပ်ဆိုင်း လုနီးဖြစ်လာသည်ဟု ကော့သောင်း ဒေသခံအချို့နှင့် ရေလုပ်ငန်းလုပ်ကိုင် သူအချို့က ပြောသည်။ ပင်လယ်ရေပြင်တွင် ပေါ်နေသည့် ကျောက်ငါးနမူနာနှင့် ပင်လယ်ရေနမူနာ ကို ရန်ကုန် ငါးပညာဌာန၊ ရန်ကုန် တက္ကသိုလ်နှင့် ငါးလုပ်ငန်းဦးစီးဌာနသို့ နိုဝင်ဘာ ပထမအပတ်က ပေးပို့စစ်ဆေး ခဲ့သည်။ ယင်းဌာနသုံးခု၏ ဓာတ်ခွဲအဖြေ အရ ကျောက်ငါးတွင် အသည်းအနည်း ငယ်ကြီးနေပြီး ပင်လယ်ရေတွင် မာကျူရီ -ပြဒါး(Merucry) ပါဝင်မှုမှာ ရှိသင့်သည့်နှုန်းထက်မြင့်နေသည်ကို တွေ့ရှိရ သည်ဟု ငါးလုပ်ငန်းဦးစီးဌာနက နိုဝင်ဘာ ဒုတိယအပတ်က ထုတ်ပြန်ထားသည်။ ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ စားသုံးရန်မသင့်ဟုဆို ယင်းသို့ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကော့သောင်းဈေးကွက်နှင့် ထိုင်း နိုင်ငံဈေးကွက်တွင် ကျောက်ငါး ဝယ်သူနည်းသွားပြီး ဈေးနှုန်းသိသိသာသာ ထိုးကျသွားသည်ဟု ဒေသခံရေလုပ်သား […]