ကော့သောင်းတွင် WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်လာဟုဆို
Dawei Watch
July 28, 2025ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းခရိုင်တွင် WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်ကူလာကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာမသိမ်းမီက ကော့သောင်းခရိုင်တွင် WY စိတ်ကြွဆေးတစ်ပြားလျှင် ထိုင်းငွေဘတ် ၁၀၀ ဝန်းကျင် ပေါက်ဈေး ရှိရာက လက်ရှိတွင် ဘတ် ၁၀ သာ ဈေးရှိတော့ကြောင်း ၎င်းတို့က ပြောသည်။ ထိုသို့ ဈေးပေါလာသည့်အပြင် အလွယ်တကူ ဝယ်ယူရရှိနေသည့်အတွက် သုံးစွဲသူလည်း များလာကြောင်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ခံတစ်ဦးက ဆိုသည်။ “ကျောင်းသားကအစ အကုန်သုံးတတ်နေပြီ။ ဝယ်ရတာလည်း လွယ်တာကိုး” ဟု ၎င်းက ပြောဆိုသည်။ ထိုသို့ WY စိတ်ကြွေဆေးသုံးစွဲရောင်းချမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသော်လည်း စစ်ကောင်စီက ထိထိရောက်ရောက် ဖမ်းဆီးခြင်း မရှိကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။ “သူတို့ဝင်ဖမ်းရင်လည်း ရှူ (သုံး) နေတဲ့ ကလေးတွေကို […]


