ကော့သောင်းတွင် ထိုင်းဘတ်ငွေ အရောင်းဆိုင်အများစု မဖွင့်ရဲ
diz_admin
September 6, 2022ကော့သောင်းမြို့ရှိ ထိုင်းဘတ်ငွေ အရောင်းအဝယ်ဆိုင်အများစုမှာ ဆိုင်ဖွင့်မရောင်းရဲကြသဖြင့် ပိတ်ထားကြကြောင်း ဈေးကွက်ထဲမှ စုံစမ်းသိရှိရသည်။ ထိုင်းဘတ်ငွေ အရောင်းအဆိုင်များမှာ ကော့သောင်းမြို့ ကမ်းနားလမ်းတွင် ဖွင့်ထားကြပြီး ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်ကစပြီး ဆိုင်ပိတ်ထားခဲ့ကြောင်း ဘတ်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။ ကမ်းနားလမ်းတွင် ဘတ်အရောင်းဆိုင် ၂၀ ကျော်ရှိရာ လက်ရှိတွင် အများစုမှာ ပိတ်ထားကြောင်း ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။ “ကမ်းနားလမ်းမှာဆို ဖွင့်တဲ့ (ဘတ်အရောင်းအဝယ်) ဆိုင်က လက်ချိုးရေလို့ရတယ်။ လေး၊ ငါး၊ ခြောက်ဆိုင် လောက်ရှိတော့တယ်” ဟု ၎င်းက ပြောဆိုသည်။ ဘတ်ဈေးအတက်အကျ ကြမ်းခြင်း၊ မြဝတီရှိ ဘတ်အရောင်းအဝယ်ဆိုင်များ အဖမ်းခံနေသည့် သတင်းများ ကြားနေရခြင်းတို့ကြောင်း ဆိုင် မဖွင့်ရဲတော့ခြင်းဖြစ်ကြောင်း ကော့သောင်းဒေသခံ ဘတ်အရောင်းအဝယ် သမားတစ်ဦးက ရှင်းပြသည်။ ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ဘတ်ငွေအသုံးပြုမှု […]


