ကော့သောင်းမြို့တွင် ပလက်ဖောင်းပေါ် ဈေးရောင်းနေသူများကို ဖယ်ရှားခိုင်း
Dawei Watch
June 6, 2023ကော့သောင်းမြို့ သာယာလှပရေးအတွက်ဟုဆိုကာ ကော့သောင်းမြို့ မြရည်ပုလဲလမ်း ပလက်ဖောင်းပေါ် ဈေးရောင်းချနေသူများကို ဖယ်ရှားခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၁၀ ရက်နောက်ဆုံးထားဖယ်ရှားပေးရန် ကော့သောင်းမြို့ စည်ပင်သာယာရေးအဖွဲ့က စာပို့အကြောင်းကြားထားကြောင်း ဖယ်ရှားပေးရမည့်သူအချို့ကပြောသည်။ “ဖယ်ရှားပေးရမယ့်ဆိုင်တွေကတော့ တော်တော်များတယ်။ ရွှေဆိုင်တွေကနေပြီး ကွမ်းယာဆိုင်အထိပါတယ်” ဟု မြို့ခံဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ ကနဦး စည်ပင်မှဖယ်ရှားပေးရန် စာပို့အကြောင်းကြားစဉ် ဖယ်ရှားပေးသူမရှိသေးဘဲ အခြေအနေစောင့်ကြည့် နေကြသော်လည်း ဇွန်လ ၅ ရက်တွင်မူ ဖယ်ရှားရလွယ်ကူသည့် ဈေးဆိုင်အချို့ စတင်ဖယ်ရှားပေးနေကြကြောင်း မြို့ခံတစ်ဦးကဆိုသည်။ စားသောက်ဆိုင်၊ ရွှေဆိုင်ကဲ့သို့ ဆိုင်ကြီးအချို့မှာမူ ရုတ်တရက်ဖယ်ရှားပေးရန် အခက်တွေ့နေကြပြီး ဖယ်ရှားရမည့်ရက် ထပ်တိုးပေးရန်လည်း မတောင်းဆိုရဲဖြစ်နေကြဟန်တူကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ဒီမှာကရောင်းနေတာ နှစ်ပေါင်းမနည်းပြီလေ။ အခုမှရုတ်တရက်ကြီးဆိုတော့ ခက်ခဲတော့ရှိတယ်။ ဒါပေမဲ့ ပြောဖို့ကလည်းအရင်တုန်းကလို အခြေအနေမဟုတ်တော့ မပြောရဲကြဘူးပေါ့ဗျာ” ဟု အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ ကော့သောင်းမြို့ […]