မြောက်ကိုရီးယားခေါင်းဆောင် နှင့် ရုရှားသမ္မတ အပြန်အလှန် စာချွန်လွှာများဖလှယ်
Dawei Watch
August 15, 2023မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဩဂုတ် ၁၅ရက်နေ့ တွင် အပြန်အလှန် စာချွန်လွှာများ ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ကေစီအန်အေ က ထုတ်ပြန်ခဲ့သည်။ အဆိုပါစာများသည် ၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ကိုလိုနီအုပ်ချုပ်မှုကို ဖြတ်သန်းခဲ့ရပြီးနောက် ကိုရီးယား ကျွန်းဆွယ်၏ လွတ်လပ်ရေး ရရှိခဲ့သည့် ၇၈ နှစ်မြောက် အထိမ်းအမှတ်အားဖြင့် စာချွန်လွှာဖလှယ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အထိမ်းအမှတ်အတွက် တောင်ကိုရီးယားနိုင်ငံမှာလည်း နိုင်ငံတော်အားလပ်ရက်အဖြစ် ဂုဏ်ပြုကျင်းပလေ့ ရှိသည်။ ပူတင်ထံပေးပို့သောစာတွင် ကင်မ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ပြီး အဆိုပါ ဆက်ဆံရေးသည် ယခုအခါ နယ်ချဲ့သမားများ၏ မတရားကျင့်ကြံမှုကို ချေမှုန်းရန် ကြိုးပမ်းမှုတွင် […]