ထိုင်ဝမ်ရေလက်ကြားထဲ ကနေဒါစစ်သင်္ဘောဖြတ်သန်းမှု တရုတ်ဝေဖန်
Dawei Watch
February 17, 2025ထိုင်ဝမ်ရေလက်ကြားအတွင်း ကနေဒါစစ်သင်္ဘောတစ်စင်း ဖြတ်သန်းဝင်ရောက်ခဲ့မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ ပြောဆိုလိုက်သည်။ ကနေဒါစစ်သင်္ဘောမှာ ယခုနှစ်တွင်း ထိုင်ဝမ်ရေလက်ကြားသို့ ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၆ရက်က ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းဝင်ရောက်ပြီးနောက် ရက်ပိုင်းအကြာတွင် ကနေဒါစစ်သင်္ဘောဝင်ရောက်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ ကနေဒါ၏ ယင်းလုပ်ရပ်မှာ ထိုင်ဝမ်ရေလက်ကြားတွင် တမင်တကာ ပြဿနာရှာခြင်းဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။ တရုတ်စစ်တပ်အနေဖြင့် ခြိမ်းခြောက်မှုနှင့် ရန်စမှုအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ကနေဒါစစ်သင်္ဘောဖြတ်သန်းပြီးနောက် ၂၄ နာရီအတွင်းတွင် တရုတ်လေယာဉ် ၄၁ စင်းနှင့် စစ်သင်္ဘော ၉ စင်းကို ထိုင်ဝမ်ကျွန်းအနီးတဝိုက်တွင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက […]


