ဟောင်ကောင်သို့ တင်ပို့မည့် ထောင်ချီသော မြည်းလိင်တံချောင်းများ နိုက်ဂျီးရီးယားလေဆိပ်တွင် ဖမ်းမိ
diz_admin
September 12, 2022ထောင်ပေါင်းများစွာသော မြည်းပုသတ္တဝါ လိင်တံချောင်းများကို ဟောင်ကောင်သို့ မတင်ပို့ခင် နိုက်ဂျီးရီးယား အာဏာပိုင်များက လေဆိပ်တွင် ဖမ်းမိခဲ့ကြောင်း AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြထားသည်။ မြည်းသတ္တဝါများ၏ လိင်တံချောင်းများကို အထုပ်များစွာဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း နိုက်ဂျီးရီးယား အကောက်ခွန်မှူး ဆမ်ဘိုဒါန်ဂါလာဒီမာ က ပြောကြားသည်။ နွားလိင်တံချောင်းများဟု ညာပြီး သယ်လာခဲ့ရာမှ မြည်းပုသတ္တဝါ၏ လိင်တံများ ဖြစ်နေခဲ့ကြောင်း သတင်းက ဖော်ပြထားသည်။ ဖမ်းဆီးရမိသော အထီးလိင်အင်္ဂါများနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု အကောက်ခွန်ဌာနက ကြေညာထားသည်။ မြည်းပုသတ္တဝါ၏ သားရေကို နိုင်ငံခြားသို့ ခိုးဝှက်သယ်ဆောင်မှုများ ရှိခဲ့သော်လည်း ယခုလိုအရာများကို ရရှိမှုက ရှားပါးခဲ့သည်။ ဇူလိုင်လအတွင်းကလည်း နိုက်ဂျာနိုင်ငံသို့ ခိုးထုတ်မည့် မြည်းပုသားရေ ဒေါ်လာတစ်သိန်းတစ်သောင်းခြောက်ထောင်ဖိုး နိုက်ဂျီးရီးယား အာဏာပိုင်များက ဖမ်းမိခဲ့သေးသည်။ တရုတ်နိုင်ငံသို့ […]