ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံနိုင်သူများကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်ဟု သမ္မတဘိုင်ဒင် သတိပေး
diz_admin
November 3, 2022လာမည့် သီတင်းပတ်တွင် စတင်မဲပေးကြမည့် သက်တမ်းလယ် ရွေးကောက်ပွဲများတွင် အရှုံးကို လက်ခံရန် ငြင်းဆန်သည့် ကိုယ်စားလှယ်လောင်းများကြောင့် တိုင်းပြည် ကမောက်ကမ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် မဲပေးကြရာတွင် နိုင်ငံရေးအကြမ်းဖက်မှုများကို အမေရိကန်ပြည်သူများက တညီတညွတ်တည်း ဆန့်ကျင်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။ ဒီမိုကရက်သမ္မတတစ်ဦးဖြစ်သော ဘိုင်ဒင် က ယခင်သမ္မတဟောင်း ဒိုနယ်ထရန့်နှင့် ၎င်းကို ထောက်ခံသူများက အလိမ်အညာ လုပ်ဇာတ်များဖြင့် အမုန်းပွါးစေရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ သမ္မတဘိုင်ဒင် ၏ ပြောကြားချက်သည် သွေးခွဲကာ သူ့လိုအပ်ချက်များကို လမ်းကြောင်းပြောင်းခြင်း ဖြစ်ကြောင်း ရီပတ်ပလစ်ကန် များ က ပြန်လည် တုန့်ပြန်ထားသည်။ ဆီးနိတ်လွှတ်တော်ကို ဒီမိုကရက်များက အနိုင်ရသွားနိုင်ပြီး ရီပတ်ပလစ်ကန်များက ကွန်ဂရက်ကို […]