တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
November 11, 2022ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကမ္ဘောဒီးယားမှာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ဆန္ဒပြ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ဒေသတွင်း ထိပ်သီးအစည်းအဝေး ကျင်းပနေချိန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစုက Freedom Park မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တပတ်ကြာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ အကျဉ်းကျနေတဲ့ ကမ္ဘောဒီးယား-အမေရိကန် ရှေ့နေ တက်ကြွလှုပ်ရှားသူ သီယာရီဆိုင်း (Theary Seng) နဲ့ တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ နိုဝင်ဘာ ၁၀ ရက်က တောင်းဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် သူတို့ရဲ့ ဆန္ဒပြတွန်းအားပေးမှုကို ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ ခမာသဝရက်ခ်လို့ […]