ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဆူဒန်တွင် စင်ပြိုင်အစိုးရ တည်ထောင်

Dawei Watch

April 17, 2025

ဆူဒန်ပြည်တွင်းစစ်တွင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် Rapid Support Forces (RSF) တပ်ဖွဲ့က ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စင်ပြိုင်အစိုးရတစ်ရပ် တည်ထောင်ကြောင်း ဧပြီလ ၁၄ရက်က ကြေညာလိုက်သည်။ ယင်းမှာ ဗိုလ်ချုပ် Abdel Fattah al-Burhan ဦးဆောင်သော ဆူဒန်စစ်အစိုးရကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ဆူဒန်ပြည်တွင်းစစ်ဖြစ်ပွားပြီး ၂နှစ်အကြာ လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီးနောက် အဆိုပါ စင်ပြိုင်အစိုးရ ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။ Mohamed Hamdan Dagalo ဦးဆောင်သည့် RSF တပ်ဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအစိုးရ (Government of Peace and Unity) ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ဆိုသည်။ RSF တပ်ဖွဲ့နှင့် ၎င်းတို့၏ […]

အိမ်ထောင်သက် ၉ နှစ်အကြာတွင် ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ လမ်းခွဲပြတ်စဲရန်စီစဉ်

Dawei Watch

April 17, 2025

အားကစားလောကရဲ့ အထင်ကရစုံတွဲတစ်တွဲအဖြစ်သတ်မှတ်ခံထားရတဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါနှင့် ဆားဘီးယားတင်းနစ်မယ်ဟောင်း အိုင်ဗန်နိုဗစ်တို့သည် အိမ်ထောင်သက် ၉ နှစ်အကြာတွင် လမ်းခွဲပြတ်စဲရန် စီစဉ်ကြောင်း Goal က ဖော်ပြထားသည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ ဇနီးမောင်နှံ၏ဆက်ဆံရေးသည် အေးစက်သောအခြေအနေတစ်ရပ်ဆီသို့ ရောက်သွားခဲ့ပြီဖြစ်ပြီး ၎င်းတို့နှစ်ဦး အတူမနေတော့သည်မှာလည်း ကာလတစ်ခုရှိလာခဲ့ပြီဖြစ်သည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် လွန်ခဲ့သော ၉ နှစ်က အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး အိမ်ထောင်သက် ၉ နှစ်တာကာလအတွင်း သား သုံးဦး ထွန်းကားထားသည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် Post တစ်ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ နောက်ဆုံးအကြိမ်အဖြစ် အတူတကွ ပူးတွဲတင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများထက်၌ ၎င်းတို့နှစ်ဦးကို အတူယှဉ်တွဲ၍ မတွေ့ရတော့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ကို […]

၂၀၂၆ နှစ်ကုန်တွင် ဆီးရီးယားက အစ္စရေးကို အသိအမှတ်ပြုမည်ဟုဆို

Dawei Watch

April 16, 2025

ဆီးရီးယားကြားကာလအစိုးရက အစ္စရေးကို ၂၀၂၆ နှစ်ကုန်တွင် အသိအမှတ်ပြုသွားရန် ရှိသည်ဟု ဗြတိန်သံအမတ်ဟောင်း တစ်ဦးဖြစ်သူ Craig Murray က အင်တာနက်လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုလိုက်သည်။ အစ္စရေးကို နိုင်ငံတစ်ခုအဖြစ် ၂၀၂၆နှစ်ကုန်တွင် အသိအမှတ်ပြုသွားမည်ဟု ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်လ်ရှာရာက ဗြိတိန်အစိုးရကို ကတိပြုပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ နှစ်နိုင်ငံသံအမတ်များ အပြန်အလှန်ခန့်အပ်သွားရန် ရှိသည်ဟုလည်း ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Craig Murray က ပြောဆိုသည်။ အာဏာရှင် ဘာရှာအာဆတ်ပြုတ်ကျပြီးနောက် တက်လာသည့် ဆီးရီးယားအစိုးရသစ်၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ဆီးရီးယားအပေါ် ချမှတ်ထားသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားခံရရေးနှင့် အနောက်နိုင်ငံအစိုးရများထံမှ ဆီးရီးယားအတွက် ဘဏ္ဍာရေးအထောက်အပံ့များ ရရှိရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆီးရီးယားနယ်မြေများကို အစ္စရေးက သိမ်းပိုက်ထားမှုကို ပြန်လည်စွန့်လွှတ်ရန်ကိစ္စကိုမူ ဆီးရီးယားကြားကာလသမ္မတက ထည့်သွင်းဆွေးနွေးခဲ့ခြင်း […]

တိတ်တိတ်ပုန်းချစ်သူကို အိမ်သာထဲ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုပြီး ပါယက် ရဲတိုင်ခံရ

Dawei Watch

April 16, 2025

ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း ပါယက်သည် ၎င်း၏တိတ်တိတ်ပုန်းချစ်သူကို အိမ်သာခွက်ထဲသို့ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခံရပြီး ရဲတပ်ဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးနေကြောင်း Metro က ဖော်ပြသည်။ ပါယက်သည် လက်ရှိတွင် ဘရာဇီးကလပ် ဗာစကိုဒဂါးမားကို ကိုယ်စားပြု၍ ကစားသမားဘဝဖြတ်သန်းနေပြီး ဘရာဇီးသို့ ရောက်ပြီးချိန်တွင် အသက် ၂၈ နှစ်အရွယ် ရှေ့နေ လာရစ်ဆာနှင့် ဇာတ်လမ်းများ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ပါယက်နှင့် လာရစ်ဆာတို့အကြားတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစ၍ ပြီးခဲ့သည့် မတ်လထိတိုင် ပတ်သက်ဆက်နွှယ်မှုများ ရှိခဲ့ပြီး ရဲမှတ်တမ်းများ၌ ပါယက်က လာရစ်ဆာအပေါ် ကျူးလွန်မှုများမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဘရာဇီးသတင်းမီဒီယာ G1 နှင့် တွေ့ဆုံခဲ့ရာတွင် […]

ဆုမ်ခရန်ပွဲတော် ပထမဆုံးနေ့တွင် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့

Dawei Watch

April 13, 2025

ထိုင်းနိုင်ငံတွင် ကျင်းပနေသော ဆုမ်ခရန်ပွဲတော်၏ပထမဆုံးနေ့တွင် ယာဉ်မတော်တဆမှုကြောင့် လူ‌ ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၂၀၁ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။ ဆုမ်ခရန် ခရီးသွားအားလပ်ရက်ကာလသည် သီတင်းတစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး ပွဲတော်၏ပထမဆုံးရက်၌ ယင်းကဲ့သို့ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းကို ထိုင်းအရာရှိများက စနေနေ့၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုင်းနှစ်သစ်ကူး အားလပ်ရက်ပွဲတော်ကာလတွင် လူအများအပြား ခရီးသွားလာနေကြပြီး သောကြနေ့၌ ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ခဲ့သည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်စင်တာက သတင်းထုတ်ပြန်သွားခဲ့သည်။ သို့သော် ယမန်နှစ် ဆုမ်ခရန်ပွဲတော် ပထမရက် လူသေဆုံးမှုနှုန်း၊ ဒဏ်ရာရရှိမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် လျော့ကျခဲ့ကြောင်း သိရှိရပြီး ၂၀၂၄ ခုနှစ် ဆုမ်ခရန်ပွဲတော် ပထမရက်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၄၁ […]

အီရန်အဏုမြူလက်နက်အရေး အီရန်- အမေရိကန် အရေးကြီးဆွေးနွေးပွဲ ယနေ့ စမည်

Dawei Watch

April 12, 2025

အီရန်အဏုမြူလက်နက်အရေးနှင့် ပတ်သက်သည့် အီရန်-အမေရိကန် နှစ်နိုင်ငံအရေးကြီးဆွေးနွေးပွဲတစ်ရပ်ကို အိုမန်နိုင်ငံ မြို့တော်မတ်စကက်တွင် ယနေ့ စတင်မည် ဖြစ်သည်။ ဆွေးနွေးပွဲရလဒ် သဘောတူညီချက်မရလျှင် အမေရိကန်က စစ်ရေးအင်အားအသုံးပြုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည်။ အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုမဆို အရှေ့အလယ်ပိုင်းတွင် ပိုမိုကြီးမားသည့် စစ်ပွဲတစ်ပွဲ ဖြစ်လာစေလိမ့်မည်ဟု အီရန်ဘက်ကလည်း သတိပေးထားသည့်အချိန်တွင် ယခုဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဦးဆောင်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် အိုမန်နိုင်ငံ မြို့တော် မတ်စကက်မြို့သို့ ရောက်ရှိနေပြီးဖြစ်သည်ဟု အီရန်သတင်းဌာန IRNA က ဆိုသည်။ အီရန်ဘက်က ယခုဆွေးနွေးပွဲတွင် အမေရိကန်နှင့် တိုက်ရိုက်မဟုတ်ဘဲ ကြားခံလူမှတစ်ဆင့်သာ သွယ်ဝိုက်ဆွေးနွေးမည်ဟု ဆိုသည်။ သို့သော်လည်း ယခုဆွေးနွေးပွဲသည် အီရန်နှင့် အမေရိကန်အကြား ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်သည်ဟု […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

April 11, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၅ ရက်မှ ဧပြီလ ၁၁ ရက်အထိ အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျသဖြင့် လူ ၆ ဦးသေဆုံး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဟွတ်ဆန်မြစ်ထဲကို ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဧပြီလ ၁၀ ရက်က ပျက်ကျခဲ့တဲ့အချိန် လိုက်ပါလာတဲ့ ကလေး ၃ ဦးလည်း သေဆုံးခဲ့တာပါ။ သေဆုံးသူတွေက စပိန်က မိသားစုဝင် ၅ ဦးနဲ့ လေယာဉ်မှူးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ဟာ မွန်းလွဲ ၃ နာရီလောက်မှာ မြို့လယ်က ရဟတ်ယာဉ်ကွင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဟွတ်ဆန်မြစ်ပေါ်ကနေ မြောက်ဘက်ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။ […]

ဘန်ကောက်အဆောက်အအုံ ပြိုကျမှု တရုတ်လုပ်ငန်းရှင်ကို ဖမ်းဝရမ်းထုတ်ပြီး သံမဏိစက်ရုံကိုဝင်စီး

Dawei Watch

April 11, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် အရည်အသွေးနိမ့်သော သံမဏိများကို အသုံးပြုထားသဖြင့် သံမဏိထုတ်လုပ်သော စက်ရုံပိုင်ရှင် တရုတ်လုပ်ငန်းရှင်ကို ယနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြိုကျသော အဆောက်အအုံတွင် အသုံးပြုသော သံမဏိများကို ထိုင်းနိုင်ငံ ရယွန်ဒေသရှိ တရုတ်လုပ်ငန်းရှင် Xin Ke Yuan ပိုင် စက်ရုံက ထုတ်လုပ်ထားခြင်းဖြစ်သည်။ စံချိန်စံညွှန်းနှင့် မညီသော သံမဏိများကို ထုတ်လုပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတည်းက စက်ရုံပိတ်ထားရန် အမိန့်ချမှတ်ခံထားရသည်။ အရည်အသွေးမပြည့်မီသော သံမဏိများကို ထုတ်လုပ်အသုံးပြုထားသဖြင့် စက်ရုံပိုင်ရှင်ဖြစ်သော တရုတ်လုပ်ငန်းရှင် Xin Ke Yuan အမည်ရှိသူကို ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး Akanat Promphan က ဆိုရှယ်စာမျက်နှာတွင် ယနေ့ ကြေညာသည်။ […]