အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရယူရန်လိုအပ်ဟု ထရမ့် ထပ်ပြော
Dawei Watch
December 23, 2025အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရရှိရန် လိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထပ်လောင်းပြောကြားလိုက်သည်။ ယင်းလုပ်ငန်းစဉ်အတွက် ၎င်း ခန့်အပ်ထားသည့် ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ရှေ့တန်းမှ ဦးဆောင်သွားမည်ဟု သမ္မတထရမ့်က ဆိုသည်။ “ကျွန်တော်တို့ ဂရင်းလန်းကျွန်းကို လိုချင်တာက သယံဇာတအတွက် မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက်ပါ။ ဂရင်းလန်းကျွန်းရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်ရင် ရုရှားနဲ့ တရုတ်သင်္ဘောတွေ နေရာအနှံ့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ကျွန်တော်တို့ ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်” သမ္မတထရမ့်က ပြောကြားခဲ့သည်။ ဂျက်ဖ်လန်ဒရီကလည်း ယင်းလုပ်ငန်းစဉ်ကို ဦးဆောင်ရန် ဆန္ဒရှိနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ သမ္မတထရမ့်သည် လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် တနင်္ဂနွေနေ့က […]


