ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကျင်းပ၊ Gen Z တော်လှန်ရေးအပြီးကျင်းပသည့် ကမ္ဘာ့ပထမဆုံးရွေးကောက်ပွဲဖြစ်လာ
Dawei Watch
February 12, 2026ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ယခု ရွေးကောက်ပွဲသည် အသက် ၃၀ အောက် လူငယ်များ ဦးဆောင်သည့် တော်လှန်ရေးအပြီး ကျင်းပသည့် ကမ္ဘာ့ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ နောက်လတွင် နီပေါနိုင်ငံ၌လည်း အလားတူ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဆန့်ကျင်သည့် ကျောင်းသားများ ဦးဆောင်သော လူထုအုံကြွမှုကြောင့် လပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် အထည်ချုပ်လုပ်ငန်းအပါအဝင် အဓိကစီးပွားရေးကဏ္ဍများ ထိခိုက်ခဲ့ရသည်။ လူဦးရေ ၁၇၅ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ငြိမ်သည့် အစိုးရ ပြန်လည်ပေါ်ပေါက်လာရေးအတွက် […]


