အိန္ဒိယဂျက်လေယာဉ်နှစ်စီးကို ပါကစ္စတန်က လက်တုံ့ပြန်ပစ်ချ
Dawei Watch
May 7, 2025ပါကစ္စတန်နိုင်ငံအတွင်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အိန္ဒိယကို လက်တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်စစ်တပ်က အိန္ဒိယဂျက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်း Pakistan Today သတင်းဌာနက ဖော်ပြခဲ့သည်။ အိန္ဒိယ၏ တိုက်ခိုက်မှုမှာ စစ်ပြုသည့် လုပ်ရပ်ဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခွင့်ရှိသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် မိုဟာမက်ရှက်ဘက်ရှရစ်ကပြောသည်။ ကက်ရှ်မီးယားဒေသ နယ်စပ်ထိန်းချုပ်မှုမျဉ်း (LOC) တစ်လျှောက်ရှိ အိန္ဒိယစစ်တပ်ဂိတ်တစ်ခုနှင့် အိန္ဒိယစစ်တပ်၏ တပ်စခန်းတစ်ခုကို ပါကစ္စတန်တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ပါကစ္စတန်အစိုးရပိုင်မီဒီယာက ဖော်ပြသည်။ မိမိနယ်မြေကို ကာကွယ်ရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ပါကစ္စတန် သတင်းအချက်အလက်ဝန်ကြီးကလည်း ပြောသည်။ ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ နေရာ ၉ နေရာကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အိန္ဒိယအစိုးရက […]


