ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်မည်ဟု သတင်းထွက်
Dawei Watch
July 23, 2025ဂျပန်ဝန်ကြီးချုပ် ရှိဂဲယုအိရှိဘာသည် ရာထူးမှ နုတ်ထွက်တော့မည့်အကြောင်း နောက်လအကုန်တွင် အသိပေးကြေညာမည်ဖြစ်ကြောင်း ဂျပန် သတင်းမီဒီယာများက ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အိရှိဘာ၏ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ညွန့်ပေါင်းမိတ်ဖက် Komeito ပါတီက နေရာအများစုတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျပန်သတင်းမီဒီယာများက ယင်းသို့ ဖော်ပြလာသည်။ အမေရိကန်သို့ ဂျပန်အော်တိုကားများ တင်သွင်းမှုနှင့် အခြားကုန်စည်များ တင်သွင်းမှုအပေါ် စည်းကြပ်ခွန် လျှော့ချပေးလိုက်သည့် ထရမ့်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီးနောက်တွင် ဝန်ကြီးချုပ်အီရှိဘာ နုတ်ထွက်မည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ၊ ကြီးထွားလာနေသည့် နိုင်ငံ့စီးပွားရေးပြဿနာကို ဖြေရှင်းရန် ရာထူးတွင် ဆက်ရှိနေဦးမည်ဟု ဂျပန်ဝန်ကြီးချုပ်အီရှိဘာက တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ […]


