မြန်မာစစ်ခေါင်းဆောင်က ချီးမြှောက်ပြောဆိုပြီးနောက် ကန်အစိုးရက ပိတ်ဆို့မှုအချို့ဖယ်ရှား
Dawei Watch
July 25, 2025အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်အချို့ကို ဇူလိုင်လ ၂၄ ရက်တွင် အရေးယူပိတ်ဆို့မှုမှ ဖယ်ရှားလိုက်သည်။ ထရမ့်အစိုးရ၏ သွင်းကုန်စည်းကြပ်ခွန်ကို သတိပေးစာကို တုံ့ပြန်ရာတွင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတဒေါ်နယ်ထရမ့်အား ချီးမြှောက်ပြောဆိုကာ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေး တောင်းဆိုခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် အမေရိကန်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။ အမေရိကန်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်မှာ “အလွန်အမင်း စိုးရိမ်စရာကောင်းသည်”ဟု Human Rights Watch က ဖော်ပြပြီး မြန်မာစစ်ကောင်စီအပေါ် အမေရိကန်အစိုးရ၏ မူဝါဒတွင် အကြီးစားအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာနေသည်ဟု ဆိုသည်။ KT Services & Logistics ကုမ္ပဏီနှင့် ၎င်း၏ တည်ထောင်သူ ဦးဂျော်နသန်မျိုးကျော်သောင်း ၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် ဦးအောင်လှိုင်ဦး ၊ […]


