ရှောင်လင်ကျောင်းတော်၏ အကြီးအကဲကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေး
Dawei Watch
July 28, 2025ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် တရုတ်ရှောင်လင်ဘုန်းကြီးကျောင်း၏ အကြီးအကဲကို ဘုရားကျောင်းပိုင်ပစ္စည်းနှင့် ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအပါအဝင် ရာဇဝတ်ပြစ်မှုများဖြင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဇူလိုင်လ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ အသက် ၆၀ အရွယ် ရှောင်လင်ဘုန်းကြီး Shi Yongxin သည် အမျိုးသမီးအများအပြားနှင့် မဖွယ်မရာ ဆက်ဆံရေးရှိခဲ့ပြီး တရားမဝင် သားသမီးများစွာ ရရှိထားကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ၎င်းအား စွပ်စွဲထားသည်။ ၎င်းနှင့် ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို အများပြည်သူထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဆိုသည်။ လက်ရှိတွင် ဘုန်းတော်ကြီး Shi အား ဌာနပေါင်းစုံက ပူးတွဲစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ပြောဆိုသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က စတင်တည်ထောင်ခဲ့သည့် […]


