အစိုးရအဖွဲ့ဝင်ပါတီအားလုံး၏ ထောက်ခံမှုကိုရထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
Dawei Watch
June 23, 2025အစိုးရအဖွဲ့ဝင် ပါတီအားလုံးက သူမအား ထောက်ခံမည်ဟု ကတိပြုခဲ့ကြောင်း ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခံနေရသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာက ဇွန်လ ၂၂ ရက်က ပြောကြားလိုက်သည်။ ၎င်းအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံ့လုံခြုံရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေထုန်တန်က ဆိုသည်။ “တိုင်းပြည်ဟာ ရှေ့ဆက်သွားနေရမယ်။ ထိုင်းနိုင်ငံဟာ စည်းလုံးနေရမယ်။ ပြည်သူလူထုအတွက် ပြဿနာတွေကို ဖြေရှင်းပေးဖို့ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်နေရမယ်” ဟု ပေထုန်တန်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်သွားဖွယ်ရှိသည်ဟု ထင်ကြေးပေးခံနေရသည့် United Thai Nation ပါတီအပါအဝင် အစိုးရအဖွဲ့ဝင်ပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ၎င်းက ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီအချိန်အထိ United Thai Nation Party သည် ပေထုန်တန် ဝန်ကြီးချုပ်ရာထူးမှ […]


