တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
August 15, 2025ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၉ မှ ၁၅ ရက်အထိ ကက်ရှ်မီးယားတွင် မိုးသည်းထန်ပြီး လူ ၄၆ ဦးထက်မနည်းသေဆုံး အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူ ၄၆ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တစ်နာရီအတွင်း မိုးရေချိန် ၄ လက်မလောက် ရွာသွန်းခဲ့တာကြောင့် တောင်ထူထပ်တဲ့ဒေသမှာ ရုတ်တရက်ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ ထင်ရှားတဲ့ ဘုရားဖူးလမ်းကြောင်းမှာ တထောက်နားတဲ့နေရာဖြစ်တဲ့ ကစ်ရှ်တ်ဝါခရိုင်၊ ချာဆိုတီမြို့မှာ မိုးကြီးဒဏ်ကို ပိုမို ခံခဲ့ကြရပါတယ်။ ဘုရားကျောင်းတစ်ကျောင်းကို သွားတဲ့လမ်းက အများသုံး ချက်ပြုတ်တဲ့နေရာနဲ့ လုံခြုံရေးကင်းစခန်း မျောပါသွားတယ်လို့ […]


