ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြန်လာ
Dawei Watch
September 8, 2025ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ကိုယ်ပိုင်လေယာဉ်သည် ယနေ့ ညနေ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် စင်ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်အတွက်ဟုဆိုကာ စက်တင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သက်ဆင်လိုက်ပါလာသော လေယာဉ်သည် စင်ကာပူလေဆိပ်သို့ ဆင်းသက်ခြင်းမရှိဘဲ လမ်းကြောင်းပြောင်း၍ ဒူဘိုင်းလေဆိပ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ကျန်းမာရေးစစ်ဆေးမှုခံယူမည်ကို အကြောင်းပြ၍ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့သည်ဟု ပြည်သူများအကြား ပြောဆိုဝေဖန်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင်မူ သက်ဆင်၏ လေယာဉ်သည် ဒူဘိုင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့သည်ကို တွေ့ရသည်။ […]


