ကမ္ဘာ့စံချိန်တင် အင်တာနက်မြန်နှုန်းကို ဂျပန်တီထွင်
Dawei Watch
July 13, 2025ဂျပန်အမျိုးသား သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ် (NICT) က သုတေသီတွေဟာ Sumitomo Electric နဲ့ ပူးပေါင်းပြီး တစ်စက္ကန့်ကို 1.02 petabit (1.02 Pb/s) နှုန်း ရရှိစေမယ့် ကမ္ဘာ့စံချိန်တင် အင်တာနက်မြန်နှုန်းသစ်ကို ဖန်တီးတီထွင်လိုက်ပါပြီ။ ဒီမြန်နှုန်းဟာ ဘယ်လောက်အထိ အံ့မခန်းဖြစ်စရာကောင်းသလဲဆိုရင် Netflix ရဲ့ ဗီဒီယိုအားလုံးကို တစ်စက္ကန့်အတွင်း Download လုပ်လို့ရတဲ့နှုန်း ဖြစ်နေတာကို မြင်တွေ့ရပါတယ်။ ဒီလိုစံချိန်တင် မြန်နှုန်းကို ပုံမှန်အရွယ်အစားရှိတဲ့ 19-core optical fiber (အလင်းမျှင်ကေဘယ်လ်) အသုံးပြုပြီး ကီလိုမီတာ ၁,၈၀၀ (မိုင်ပေါင်း ၁,၁၀၀ ကျော်) အထိ အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပြီလို့ ဂျပန် အမျိုးသား သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ တက္ကသိုလ် (NICT) က […]


