ယူကရိန်းစစ်ပွဲကို ရက် ၅၀ အတွင်း အဆုံးသတ်ရန် ရုရှားကို ထရမ့်ရာဇသံပေး
Dawei Watch
July 15, 2025ယူကရိန်းနှင့်စစ်ပွဲကို ရက် ၅၀ အတွင်း အဆုံးသတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရာဇသံပေးလိုက်သည်။ စစ်ပွဲကို မရပ်လျှင် ရုရှားအနေဖြင့် ကြီးမားသည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်ရမည်ဟု ထရမ့်က ဆိုသည်။ ရုရှားသမ္မတပူတင်နှင့် အင်မတန် စိတ်ကသိကအောက် ဖြစ်ရကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ အမေရိကန်လက်နက်များကို နေတိုးအဖွဲ့ထံမှတစ်ဆင့် ယူကရိန်းသို့ နောက်ထပ်ပေးပို့သွားမည့် အစီအစဉ်ကိုလည်း ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ သုံးနှစ်တာကြာမြင့်လာသည့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ရန် ရုရှားသမ္မတဗလာဒီမာပူတင်က ငြင်းဆန်နေဆဲဖြစ်သည့်အတွက် ၎င်း၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဟုလည်း ထရမ့်က ပြောသည်။ “ရက် ၅၀ အတွင်း အပစ်ရပ်သဘောတူညီချက်မရဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ (ရုရှားအပေါ်) အင်မတန် ပြင်းထန်တဲ့ သွင်းကုန်စည်းကျပ်ခွန်တွေ ချမှတ်သွားမှာ ဖြစ်တယ်။ သွင်းကုန်စည်းကြပ်ခွန် […]


