ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထရမ့်၏မဟာမိတ် နာမည်ကြီး တက်ကြွလှုပ်ရှားသူ ပစ်သတ်ခံရ

Dawei Watch

September 11, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်သော နာမည်ကြီး ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ Charlie Kirk မှာ ယမန်နေ့ (စက်တင်ဘာ ၁၀)က ပစ်သတ်ခံလိုက်ရသည်။ အမေရိကန်နိုင်ငံ ၊ ယူတာ့ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင် ပြုလုပ်သော ပရိသတ် ၃၀၀၀ ခန့် တက်ရောက်သည့် အခမ်းအနားတစ်ခု၌ စကားပြောနေစဉ် ၎င်းကိုပစ်သတ်သွားခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်မှာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုဖြစ်ကြောင်း ယူတာ့ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပြီး သံသယတရားခံ တစ်ကိုယ်တော်စနိုက်ပါသမားကို အာဏာပိုင်များက ရှာဖွေနေဆဲဖြစ်သည်။ ဗုဒ္ဓဟူးနေ့ညအထိ သံသယတရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အာဏာပိုင်များကဆိုသည်။ အသက် ၃၁ နှစ်အရွယ် Charlie Kirk အား ပစ်သတ်ခဲ့သည့် တစ်ကိုယ်တော်သေနတ်သမားသည် အခင်းဖြစ်ပွားရာနေရာမှ အလှမ်းကွာဝေးသည့် ခေါင်မိုးတစ်ခုပေါ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အာဏာပိုင်များက သုံးသပ်ထားသည်။ […]

ပိုလန်ထဲ ရုရှားဒရုန်းကျူးကျော်မှုကြောင့်နေတိုးအဖွဲ့၏ ပုဒ်မ ၄ အရ အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေး

Dawei Watch

September 11, 2025

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည့် ပိုလန်လေပိုင်နက်အတွင်းသို့ ရုရှားဒရုန်းအစီးရေ တော်တော်များများ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေတိုးစစ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှု လျှင်မြန်စွာ ပြုလုပ်ခဲ့သည်။ ယနေ့ နံနက်အစောပိုင်းက ပိုလန်လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် ရုရှားဒရုန်းများကို ပိုလန်တိုက်လေယာဉ်များနှင့် နေတိုးအဖွဲ့ဝင် နယ်သာလန်တိုက်လေယာဉ်များက ပစ်ချခဲ့ဟုဆိုသည်။ ယင်းကြောင့် ပိုလန်သည် ရုရှား-ယူကရိန်းစစ် စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျည်ဖောက်လိုက်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ပိုလန်နိုင်ငံထဲသို့ ရုရှားဒရုန်းကျူးကျော်မှုသည် ရုရှား – ယူကရိန်းစစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းအပေါ် ရုရှားက အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ၃ ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နေတိုးအဖွဲ့၏ ဌာနချုပ်၌ ယနေ့ ပြုလုပ်သည့် ဆွေးနွေးမှုများမှာ မြောက်အတ္တလန္တိတ်ကောင်စီ(North […]

ဘန်ကောက်နှင့် အနီးတဝိုက်တွင် ခွေးရူးပြန်ရောဂါ သတိထားကြရန် ကြေညာ

Dawei Watch

September 10, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတဝိုက်ခရိုင်များတွင် ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားနေသဖြင့် သတိပေးချက်များကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ကောက်ခရိုင်ရှိ နော်ဘွန်နှင့် ပရာဝတ်နယ်မြေများတွင် ခွေးရူးပြန်ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ သတိထားနေထိုင်ကြရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ခွေးရူးပြန် သတိပေးချက် ထုတ်ထားသော နေရာများမှာ ဘန်ကောက်ခရိုင်ထဲက အွန်နွတ်၊ ဖတ်ထနာကန်၊ ထပ်ချန့်၊ လတ်ကရာဘန်၊ ဘန်နား၊ ဘန်ချတ်၊ နွန်ဘွန်၊ ဒေါ့မိုင်နှင့် ပရာဝတ်နယ်မြေများ ပါဝင်သည်။ ဘန်ကောက်အနီး စမွတ်ပရကန်ခရိုင်တွင်မူ ဘန်ဖလီနယ်မြေကို ခွေးရူးပြန် သတိပေးချက် ထုတ်ထားသည်။ ခွေးရူးပြန်ရောဂါ သတိပေးချက် ထုတ်ပြန်ထားသော နယ်မြေများ၏ ငါးကီလိုမီတာဝန်းကျင်ကို ခွေးရူးပြန်ရောဂါ ကူးစက်မှု တိုက်ဖျက်ရေးဇုန်အဖြစ် သတ်မှတ်ကြောင်း […]

ပိုလန်ထဲ ရုရှားဒရုန်းများ ကျူးကျော်မှု နေတိုးကို သွေးတိုးစမ်းခြင်းဖြစ်ဟု ကန်စစ်ဘက်အရာရှိဟောင်းပြော

Dawei Watch

September 10, 2025

ပိုလန်လေပိုင်နက်ထဲသို့ ယနေ့ နံနက်အစောပိုင်းက ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုမှာ နေတိုးအဖွဲ့ကို သွေးတိုးစမ်းခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်အဆင့်မြင့်အရာရှိဟောင်း Jim Townsend က ပြောဆိုလိုက်သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ပိုလန်နယ်နိမိတ်ထဲသို့ ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုမှာ မတော်တဆ မှားယွင်းမှုတစ်ခုအဖြစ် ယူဆရန် ခဲယဉ်း‌ကြောင်း ၎င်းက ဆိုသည်။ “ဒရုန်းတစ်စင်းတည်းဆိုရင် မတော်တဆ မှားယွင်းမှုပဲ။ ဒရုန်းအစင်းရေ အများကြီးဆိုရင်တော့ မတော်တဆ မှားယွင်းတာ မဟုတ်တော့ဘူး” ဟု Jim Townsend က ပြောဆိုသည်။ “ဒါက သွေးတိုးစမ်းတယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာထက် ပိုပါတယ်။ ဒါဟာ နေတိုးက တုံ့ပြန်ရမယ့် သွေးတိုးစမ်းမှုတစ်ခုပဲ” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လက်ရှိတွင် ပိုလန်နှင့် နေတိုးက အခြေအနေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်မှာ သတင်းကောင်းဖြစ်ကြောင်း Jim Townsend က […]

ကာတာတွင် စုဝေးတွေ့ဆုံနေသည့် ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်များကို အစ္စရေးတိုက်ခိုက်

Dawei Watch

September 10, 2025

ကာတာနိုင်ငံ ၊ မြို့တော်ဒိုဟာတွင် စုဝေးတွေ့ဆုံနေသည့် ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းအရာရှိများကို စက်တင်ဘာလ ၉ ရက်နေ့တွင် အစ္စရေးက တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။ ဟားမတ်စ်အဖွဲ့၏ အဓိကအပစ်ရပ်ညှိနှိုင်းရေးမှူးပါ အဆိုပါ တိုက်ခိုက်မှုတွင် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဟားမတ်စ်အဖွဲ့၏ ပြည်ပရောက်အကြီးအကဲ Khalil al-Hayya ၏ သားဖြစ်သူ အပါအဝင် လူ ၆ ဦး သေဆုံးကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်သည်။ အဖွဲ့၏ အပစ်ရပ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့အပါအဝင် ထိပ်သီးခေါင်းဆောင်များမှာ အသက်ရှင်ခဲ့ကြောင်းလည်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားသည်။ ဟားမတ်စ်အဖွဲ့၏ နောက်ဆုံးကျန်ရှိနေသေးသည့် အမာခံခြေကုပ်နေရာကို သိမ်းပိုက်ရန် အကြီးစား စစ်ဆင်ရေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါ ဧရိယာမှ ဒေသခံအားလုံး ထွက်သွားကြရန် အစ္စရေးဘက်က သတိပေးချက် ထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် ဒိုဟာတိုက်ခိုက်မှုဖြစ်စဉ် […]

ပိုလန်လေပိုင်နက်အတွင်း ရုရှားဒရုန်းများ ဝင်ရောက်လာ၊ ဥရောပကို ရုရှားက ရန်ဆွမှု ဖြစ်လာနိုင်

Dawei Watch

September 10, 2025

ပိုလန်လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် ရုရှားဒရုန်းများကို ၎င်းတို့ ပစ်ချခဲ့ကြောင်း ပိုလန်စစ်တပ်က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ အစောပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ပိုလန်၏ အိမ်နီးချင်း ယူကရိန်းအပေါ် ရုရှားက အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်နေစဉ်အတွင်း အဆိုပါ ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။ ပိုလန်သည် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတစ်ခု တိုက်ခိုက်ခံရလျှင် ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဆိုသော အချက်မှာ နေတိုးအဖွဲ့၏ အခြေခံမူပင် ဖြစ်သည်။ ယင်းမှာ ဥရောပအပေါ် ရုရှား၏ အဓိကရန်ဆွမှုတစ်ခု ဖြစ်လာနိုင်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ “ပစ်ချလိုက်တဲ့ (ဒရုန်း) အစိတ်အပိုင်းတွေကို တည်နေရာရှာဖို့အတွက် ဆောင်ရွက်မှုတွေ လျှင်လျှင်မြန်မြန် လုပ်ဆောင်နေပါတယ်။ လက်နက်တွေကို တပ်ဖြန့်ချထားပါတယ်” ဟု ပိုလန်စစ်ရေးကွပ်ကဲမှုဌာန၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ […]

ဆန္ဒပြမှုများ ပြင်းထန်လာ၍ နီပေါဝန်ကြီးချုပ် နုတ်ထွက်လိုက်ရ

Dawei Watch

September 9, 2025

ဆိုရှယ်မီဒီယာပလက်ဖောင်းများကို နီပေါအစိုးရက ပိတ်ပင်လိုက်ရာမှ အစပြုဖြစ်ပေါ်လာသည့် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ယနေ့(စက်တင်ဘာ ၉) နီပေါဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်လိုက်ရသည်။ စက်တင်ဘာ ၅ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း ၂၆ ခုကို နီပေါအစိုးရက ပိတ်ပစ်လိုက်သည့်အတွက် သန်းနှင့်ချီသော ပြည်သူများ၏ ဆက်သွယ်ရေးနှင့် စီးပွားရေးလည်ပတ်မှုများကို ရပ်ဆိုင်းသွားစေခဲ့သည်။ ယင်းအပေါ်လူထုက လက်မခံနိုင်ဖြစ်ရာမှ ဆန္ဒပြပွဲများ စတင်လာခြင်းဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် မြို့တော်ခတ္တမန္ဒူနှင့် အခြားမြို့ကြီးများတွင် ကျောင်းသားအများစု ပါဝင်သည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာက အစိုးရ၏ အကျင့်ပျက်ခြစားမှုများကို အဆုံးသတ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ အစိုးရက အိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ခဲ့သော်လည်း ယင်းအမိန့်ကို ဖီဆန်ကာ ယနေ့ အင်္ဂါနေ့တွင် ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်လာပြီးနောက် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက […]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်

Dawei Watch

September 9, 2025

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။ ယင်းမှာ ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် ၂ ခုစာ လွှမ်းမိုးလာခဲ့သည့် ရှင်နာဝပ်မိသားစုအတွက် နောက်ထပ်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း Bangkok Post က ဖော်ပြသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သက်ဆင်၏ ကျန်းမာရေးအခြေအနေ အရေးပေါ် မဟုတ်ဘဲ ဆေးရုံသို့ ပို့ဆောင်ထားခြင်းမှာ ဥပဒေနှင်မညီကြောင်း တရားရုံး၏ အမိန့်အရ သိရသည်။ သက်ဆင် ကိုယ်တိုင်သည်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ အရေးပေါ် အခြေအနေမဟုတ်မှန်း သိရှိနေပြီး ထို့ကြောင့် ဆေးရုံတွင် နေထိုင်မှုကို ထောင်ဒဏ်အဖြစ် မမှတ်ယူနိုင်ကြောင်း တရားရုံး၏ အမိန့်က ဆိုသည်။ ယခု တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သဖြင့် ရဲတပ်ဖွဲ့က သက်ဆင်အား […]