ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကော့ဖငန်းကျွန်းတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းသဖြင့် မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

Dawei Watch

September 16, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၅ ရက်နေ့က ကော့ဖငန်းကျွန်း ဘန်တိုင်းဒေသရှိ အိမ်ထဲတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေသဖြင့် လူငယ်များ၊ နိုင်ငံခြားသားများ၊ မြန်မာအလုပ်သမားများ နေ့စဉ် လာရောက်စုဝေးနေသည်ဟု သတင်းပေးတိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ကော့ဖငန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် အိမ်သည် စတိုးဆိုင်ပုံစံပြုလုပ်ထားပြီး အိမ်ထဲတွင် အသက် ၂၇ နှစ်အရွယ် မသန္တာနှင့် အသက် ၃၁ နှစ်အရွယ် မမြတ်နိုးဝေတို့က ဘိန်းစာရွက်ပြုတ်ရည်များ ရောင်းချရန် အိတ်များဖြင့်ထည့်နေကြောင်း တွေ့ရှိရဟုဆိုသည်။ အိမ်အနောက်ကို ထပ်မံစစ်ဆေးရာ ဘိန်းစာရွက်ပြုတ်ရာတွင် သုံးသော ဂတ်စ်မီးဖို၊ အိုး၊ ဘိန်းစာရွက်ပြုတ်ရည်၊ အရွက်နှင့် ပြုတ်ရည်ထဲ ထည့်စပ်သော ချောင်းဆိုးပျောက်ဆေးကိုလည်း […]

လန်ဒန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ဆန္ဒပြ၊ ရဲတပ်ဖွဲ့လည်း တိုက်ခိုက်ခံရ

Dawei Watch

September 15, 2025

လန်ဒန်မြို့တွင် စနေနေ့က ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေး လက်ယာစွန်းဆန္ဒပြပွဲများအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲအရာရှိများမှာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခံရကာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ “Unite the Kingdom” ဟု အမည်ပေးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြပွဲကို လက်ယာစွန်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ Tommy Robinson က ဦးဆောင်ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၁၀,၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲနှင့် တစ်ပြိုင်နက်တည်းတွင် ယင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ဆန္ဒပြသူများကြားတွင် လူစုခွဲရန်ကန့်ထားသော အတားအဆီးများရှိပြီး ယင်းသတ်မှတ်ထားသည့်နေရာကို “Unite the Kingdom” ဆန္ဒပြသူများက ချိုးဖောက်ဝင်ရောက်မှုနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ Unite […]

အဏုမြူလက်နက်ပိုင် နိုင်ငံအဖြစ်သာ ဆက်ရပ်တည်မည်ဟု မြောက်ကိုရီးယားဆို

Dawei Watch

September 15, 2025

အဏုမြူလက်နက်ပိုင် နိုင်ငံအဆင့်အတန်းမှ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။ မြောက်ကိုရီးယားအနေဖြင့် အဏုမြူလက်နက်ဖျက်သိမ်းရန် အမေရိကန်အစိုးရက တွန်းအားပေးပြောဆိုမှုများကို အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ကာ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။ “အဏုမြူလက်နက်ပိုင်နိုင်ငံတစ်ခုအနေနဲ့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)ရဲ့ အဆင့်အတန်းကို နိုင်ငံရဲ့ ဥပဒေတွေထဲမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်သလို ဒီအဆင့်အတန်းကနေ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)ဆိုသည်မှာ မြောက်ကိုရီးယား၏ တရားဝင်ဖော်ပြသောနာမည် ဖြစ်သည်။ အဏုမြူလက်နက်ဖျက်သိမ်းရန် အမေရိကန်၏ တွန်းအားပေးနေမှုများမှာ မိမိတို့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ “ရန်စသည့် လုပ်ရပ်” သာဖြစ်သည်ဟုလည်း မြောက်ကိုရီးယား […]

ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရဖို့ရှိဟု ထိုင်းဗဟိုဘဏ်ဆို၊ ဘဏ်အကောင့်ဖွင့်ထားသူများ စိုးရိမ်မှုမြင့်တက်

Dawei Watch

September 15, 2025

ထိုင်းနိုင်ငံအတွင်း အွန်းလိုင်းငွေကြေးလိမ်လည်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့နှင့် ဆက်စပ်နေသော ဘဏ်အကောင့်များကို စုံစမ်းစစ်ဆေးနေသဖြင့် ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က စက်တင်ဘာလ ၁၃ ရက်နေ့က သတိပေးထားသည်။ အွန်းလိုင်းငွေလိမ်ခံရသူများအတွက် ဆုံးရှုံးသွားသော ငွေများ ပြန်လည်ရယူနိုင်ရေးနှင့် ငွေလိမ်အကောင့်များကို ခြေရာခံနိုင်ရေး သက်ဆိုင်ရာဘဏ်လုပ်ငန်းများနှင့် ထိုင်းဗဟိုဘဏ်က ပူးပေါင်းကာ အွန်လိုင်းငွေကြေးလိမ်လည်မှု ပပျောက်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး Daranee Saeju က ပြောသည်။ လက်ရှိတွင် ငွေလိမ်အကောင့်များနှင့် ငွေအလွှဲအပြောင်း ဆက်စပ်မှုရှိနေသော ဘဏ်အကောင့်များစွာကိုလည်း ပိတ်ပင်ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။ အပိတ်ခံရသော ဘဏ်အကောင့်များနှင့် ပက်သက်၍ ငွေအလွှဲအပြောင်း သက်သေအချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ငွေများကိုလည်း ပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်ပေးနိုင်ရေးနှင့် အကောင့်များ ပြန်လည်ရရှိရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။ စုံစမ်းစစ်ဆေးနေဆဲကာလအတွင်း […]

ဥရောပစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြင်သစ်ဆေးရုံများကို ညွှန်ကြားထား

Dawei Watch

September 12, 2025

လာမည့်နှစ်တွင် ဥရောပ၌ ပေါ်ပေါက်လာနိုင်ခြေရှိသည့် အကြီးစားစစ်မက်ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်းရှိ ဆေးရုံများကို ညွှန်ကြားထားကြောင်း The Independent သတင်းဌာနက စက်တင်ဘာလ ၃ ရက်နေ့တွင် ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ် ၊ မတ်လမကုန်ခင် ပေါ်ပေါက်လာနိုင်သည့် အကြီးစားစစ်ရေးပဋိပက္ခတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားရန် နိုင်ငံအတွင်းရှိ ဒေသန္တရကျန်းမာရေးဌာနများထံ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ စစ်မက်ဖြစ်ပွားချိန် ၁၀ ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း ဆေးရုံတင်ရသည့် လူပေါင်း ၁၀,၀၀၀ မှ ၅၀,၀၀၀ အကြား ရှိနိုင်ကြောင်း အဆိုပါ ညွှန်ကြားစာအကြောင်း ဖွင့်ချခဲ့သည့် နာမည်ကြီးပြင်သစ်သတင်းစာ Le Canard Enchaîné က သတိပေးထားသည်။ “လက်ရှိနိုင်ငံတကာ အခြေအနေအရ ပြင်းထန်တဲ့ စစ်မက်ပဋိပက္ခတွေ ပေါ်ပေါက်ရင် […]

ဆွီဒင်က မြန်မာကိုပေးနေသည့် အကူအညီများလျှော့ချပြီး ယူကရိန်းကို ပိုထောက်ပံ့မည်

Dawei Watch

September 12, 2025

ဆွီဒင်က မြန်မာနိုင်ငံအတွက် ပေးအပ်နေသည့် အကူအညီများကို တဖြည်းဖြည်း ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရေရှည်တွင် ဆွီဒင်အစိုးရက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Sweden Herald သတင်းတစ်ရပ်က ဖော်ပြသည်။ ဆွီဒင်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ယူကရိန်းအတွက် ဆွီဒင်၏ အထောက်အပံ့များကို တိုးမြှင့်ပေးရန် ဦးစားပေးလာခြင်း၏ တစိတ်တပိုင်း ဖြစ်သည်။ “ယူကရိန်းဟာ ဥရောပရဲ့ ရှေ့တန်းအကျဆုံး ခံစစ်မျဉ်းဖြစ်တယ်။ ပြီးတော့ သူတို့(ယူကရိန်း)ဟာ သူတို့ရဲ့ လွတ်လပ်မှုကိုရော ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကိုပါ ကာကွယ်ပေးနေတာ ဖြစ်တယ်။ ဒါကြောင့် ဆွီဒင်အစိုးရရဲ့ အထောက်အပံ့တွေကို ပြန်လည်စီစဉ်တာက အရင်ကထက် ပိုအရေးပါလာတယ်” ဟု ဆွီဒင်အစိုးရ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Benjamin Dousa က ဆိုသည်။ […]

ထရမ့်၏မဟာမိတ် အသတ်ခံရမှုအပေါ် လက်စားချေရန် လှုံ့ဆော်မှုများ ကြီးထွားလာနေ

Dawei Watch

September 12, 2025

ထရမ့်၏ မဟာမိတ်ဖြစ်သည့် နာမည်ကြီး ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူ Charlie Kirk သတ်ဖြတ်ခံရမှုအပေါ် ပြန်လက်စားချေတုံ့ပြန်ရန် လှုံ့ဆော်မှုများ အမေရိကန်လက်ယာစွန်း ဝါဒီများအကြား ကြီးထွားလာနေကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ Charlie Kirk လုပ်ကြံခံရမှုမှာ အမေရိကန်လက်ယာယိမ်း အင်အားစုများအကြား ဒေါသလှိုင်းလုံးကြီးတစ်ခု မီးမွှေးပေးလိုက်ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ Charlie Kirk အား လုပ်ကြံသည့် သေနတ်သမားမှာ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်သည်။ အကြမ်းဖက်မှုများ မြင့်တက်လာမည့်အရေး စိုးရိမ်မှုအကြား ၎င်းလုပ်ကြံခံရမှုမှာ နိုင်ငံရေးအရ အင်မတန်အရေးပါသည့် ကိစ္စတစ်ခုဖြစ်ပြီး ကွန်ဆာဗေးတစ်အင်အားစုများအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်အား ထောက်ခံသူများက ပုံဖော်ပြောဆိုလျက်ရှိသည်။ သမ္မတထရမ့်၏ “အမေရိကန်ကို တဖန် ကြီးကျယ်လာအောင် လုပ်ရေး” (Make America Great Again) […]

ထိုင်းတွင် ATM စက်ကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြန်မာတစ်ဦးကို ရဲတပ်ဖွဲ့ ရှာဖွေနေ

Dawei Watch

September 11, 2025

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် ATM ငွေထုတ်စက်ကို ခြေဖြင့်ကန်၍ ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီခန့်က ဘန်းပကောင်ဒေသရှိ ကယ်စီကွန်ဘဏ်၏ ATM ငွေထုတ်စက်ကို အင်္ကျီမဝတ်ထားသော အမည်မသိသူတစ်ဦးက ခြေဖြင့်ကန်၍ ဖျက်ဆီးသွားခဲ့ကြောင်း CCTV မှတ်တမ်းများအရ ရဲတပ်ဖွဲ့က ပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် ဘဏ်ဝန်ထမ်းများ ရောက်လာသောအခါ ATM စက်ပျက်စီးနေသည်ကို တွေ့ရသဖြင့် ဘန်းပကောင်ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးချိန်တွင် ATM စက်၏ ကွန်ပျူတာမျက်နှာပြင်သည် လုံးဝပျက်စီးနေပြီး အနီးတွင် သွေးစများကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ CCTV မှတ်တမ်းများအရ ATM စက်၏ ကွန်ပြူတာမျက်နှာပြင်ကို ခြေဖြင့်ကန်ထားသဖြင့် ကျူးလွန်သူက […]