ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

တရုတ်တွင် အနုပညာရှင်တစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ်စီရင်

Dawei Watch

July 22, 2025

ချစ်သူမိန်းကလေးကို သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံသား အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် Zhang Yiyang ကို သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNA သတင်းတစ်ရပ်တွင် ယနေ့ ဖော်ပြသည်။ မိမိ၏ ချစ်သူမိန်းကလေးအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်ဆိုပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းအား သေနတ်ပစ်အဖွဲ့ဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံးက ဖော်ပြသည်။ ယင်းကြောင့် Zhang သည် သေဒဏ်စီရင်ခံရသည့် ပထမဆုံး တရုတ်အနုပညာရှင် ဖြစ်သည်။ တရုတ်အနုပညာကြယ်ပွင့် Zhang သည် The Soul Of The Dragon ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး I Only Care About People Who Care About Me နှင့် […]

ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးစွဲမှုကို ပြုပြင်ပြောင်းလဲရန် မလေးရှား တိုက်တွန်း

Dawei Watch

July 22, 2025

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာသုံးစွဲမှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မလေးရှားအစိုးရက အဆိုပြုလျက်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ဂါဇာအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲအများစုဖြင့် အတည်ပြုခဲ့သော်လည်း ယင်းတို့အား အကောင်အထည်ဖော်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာအသုံးပြုမှုကြောင့် မကြာခဏ နှောင့်နှေးကြန့်ကြာနေရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင် တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး ယင်းအဖွဲ့များက ဗီတိုအာဏာအသုံးပြု၍ ပယ်ချခြင်းများ လုပ်ဆောင်နိုင်သည်။ “ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့တာတောင်မှ ကံမကောင်းစွာနဲ့ပဲ ဒီဗီတိုအာဏာကို သုံးခဲ့ကြတယ်။ ဒါကြောင့်ပဲ ဒီဗီတိုအာဏာအသုံးပြုတာကို […]

“ဂျပန်လူမျိုး ပထမ”ကြွေးကြော်သံနှင့်ပါတီ ရွေးကောက်ပွဲအနိုင်ရမှု မြင့်တက်လာ

Dawei Watch

July 21, 2025

ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် မဲအနိုင်ရမှုအများဆုံး ပါတီများထဲမှ တစ်ခုအဖြစ် “ဂျပန်လူမျိုး ပထမ” ကြွေးကြော်သံနှင့် လက်ယာစွန်းပါတီငယ်တစ်ခုဖြစ်သည့် Sanseito ပါတီက ထွက်ပေါ်လာခဲ့သည်။ Sanseito ပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်အရ အထက်လွှတ်တော်အတွက် နေရာ ၁၄ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံအင်အားစုများအနက် တတိယမြောက်မဲအများဆုံးအနိုင်ရသည့် ပါတီဖြစ်လာခဲ့သည်။ အထက်လွှတ်တော်အတွင်း စတုတ္ထမြောက်အင်အားအကြီးဆုံး ပါတီလည်း ဖြစ်လာခဲ့သည်။ Sanseito ပါတီသည် ရွှေ့ပြောင်းနေထိုင်သူများ၏ ‘တိတ်တဆိတ်ကျူးကျော်မှု’ဟု ခေါင်းစဉ်တပ် ဆန့်ကျင်သတိပေးမဲဆွယ်မှုများ၊ အခွန်လျှော့ချရေးနှင့် လူမှုဖူလုံရေးအသုံးစရိတ်ရရှိရေး ကတိကဝတ်များဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ရလာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပါတီသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးကိစ္စများ၊ ကမ္ဘာပေါ်ရှိ အထက်တန်းလွှာ လူတစ်စုအကြောင်း ဇာတ်လမ်းဆင် […]

ဆီးရီးယားတောင်ပိုင်း ဆူဝေဒါမြို့တွင် အခြေအနေ ပြန်လည်တည်ငြိမ်

Dawei Watch

July 20, 2025

ပြီးခဲ့သည့် အပတ်မှစ၍ ဘာသာရေးအရ ကွဲပြားသည့် လူနည်းစုလက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆူဝေဒါဒေသ၌ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် အခြေအနေပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ လူနည်းစုဒရူးဇ်လူမျိုးများ အများစုနေထိုင်ရာ ဆူဝေဒါမြို့မှ ၎င်းတို့၏ ရန်ဘက် ဘက်ဒူအင်လူနည်းစုဝင် တိုက်ခိုက်ရေးသမားများ ဆုတ်ခွာသွားခဲ့ပြီးနောက် မြို့အခြေအနေ ပြန်လည်တည်ငြိမ်လာကြောင်း သတင်းထွက်ပေါ်လာသည်။ ဆူဝေဒါမြို့တွင် ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှစ၍ သေနတ်သံများ ထွက်ပေါ်လာခြင်း မရှိတော့ကြောင်း မြို့ခံတစ်ဦး၏ ပြောဆိုချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြထားသည်။ နောက်ထပ်ဒရူးဇ်လူနည်းစုဝင်တစ်ဦးကလည်း ဆူဝေဒါမြို့ နေရာအများစုတွင် အခြေအနေပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း ပြောသည်။ သို့သော် ရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆူဝေဒါမြို့ခံများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သွားဆရာဝန်တစ်ဦးက […]

ရုရှားအရှေ့ဘက် ပင်လယ်ပြင်တွင် ငလျင်နှစ်ကြိမ်လှုပ်

Dawei Watch

July 20, 2025

ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ကျွန်းဆွယ်အနီး ပင်လယ်ပြင်တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့က ငလျင်လှုပ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် အမေရိကန်အခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးချက်ထုတ်ပြန်ရေး စင်တာက ရုရှားကျွန်းဆွယ်အတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ ရုရှားနိုင်ငံ၊ Petropavlovsk-Kamchatsky မြို့ အရှေ့ဘက် ၈၉ မိုင်အကွာ ပင်လယ်ပြင်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ အဆိုပါ နေရာနှင့် အနီးအနားတွင်ပင် ယင်းငလျင်လှုပ်ခတ်မှုမတိုင်ခင် မိနစ်အနည်းငယ်အလိုတွင် ရစ်ချ်တာစကေး ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသည်။ အဆိုပါ ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ အမျိုးသားရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုဌာနက အမေရိကန်နိုင်ငံ ၊ ဟာဝိုင်အီကျွန်းအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ်စုံစမ်းတွေ့ရှိချက်အရ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

July 19, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၁၂ မှ ၁၈ ရက်အထိ ပျက်ကျခဲ့သော အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ဆီခလုပ်ကို လေယာဉ်မှူးများ ပိတ်နိုင်ဟု အမေရိကန်ဆို ပျက်ကျခဲ့တဲ့ Air India လေကြောင်းလိုင်းပိုင် ဘိုးအင်း 787 လေယာဉ်ရဲ့ ဆီခလုပ်တွေကို လေယာဉ်မှူးက ပိတ်လိုက်တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားပါတယ်။ လေယာဉ်မှူးက ခလုတ်တွေပိတ်လိုက်တယ်လို့ အတိအကျ မပြောနိုင်သေးပါဘူး။ လေယာဉ်ပေါ်က အသံမှတ်တမ်းအရ မပိတ်ပါဘူး လို့ ငြင်းတဲ့ လေယာဉ်မှူးကပဲ ပိတ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားတာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဆဲဖြစ်ပြီးတော့ ကောက်ချက်ချဖို့ စောနေသေးတယ်လို့ အိန္ဒိယ စုံစမ်းရေးအဖွဲ့ဘက်ကတော့ တုံ့ပြန်ထားပါတယ်။ […]

ယူကရိန်းသမိုင်းတွင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ပေါ်ပေါက်

Dawei Watch

July 18, 2025

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်းစကီး၏ အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုတွင် ယူလီယာဆီပရင်ဒင်မှာ ယူကရိန်းသမိုင်းတစ်လျှောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။ ယင်းမှာ ၁၅ နှစ်ကျော်ကာလအတွင်း ယူကရိန်းတွင် အမျိုးသမီးဝန်ကြီးချုပ်တစ်ဦး ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသက် ၃၉ နှစ်အရွယ် ယူလီယာဆီပရင်ဒင်ကိုသည် ယခင်အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ယင်းရာထူးတာဝန်များကြောင့် သူမသည် သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့ရသည်။ ယခင်ဝန်ကြီးချုပ် ဒန်းနစ်ရှမီဟားသည် ၂၀၂၀ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန်ယူလာခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနကို တာဝန်ယူဦးစီးသွားမည် ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများဖြင့် လုံးပန်းနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ ယူလီယာဆီပရင်ဒင်ကိုအား ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေးနေ့က ယူကရိန်းလွှတ်တော်တွင် အတည်ပြုခဲ့သည်။ ယူလီယာဆူပရင်ဒင်ကိုသည် […]

ကလေးမီးဖွားခွင့် ရက် ၁၂၀ အထိ ခံစားခွင့်ပြုရန် ထိုင်းအောက်လွှတ်တော် အတည်ပြု

Dawei Watch

July 18, 2025

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပြုမည့် ဥပဒေမူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထို့အပြင် ကလေးထိန်းရန် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။ ကလေးမီးဖွားခွင့်ရက်များ တိုးမြှင့်သတ်မှတ်ရေးအပါအဝင် အလုပ်သမား ဥပဒေမူကြမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က အောက်လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၄၁၆ မဲဖြင့် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီးဖွားခွင့်ရက်ကို မိခင်များက ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေပြီး ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ ရက်အထိ ခံစားခွင့် ရရှိလာမည်ဖြစ်သည်။ ထို့အပြင် ယောက်ျားဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက်များအနေဖြင့်လည်း ၎င်းတို့၏ […]