ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

စစ်တပ်အုပ်ချုပ်သည့် အာဖရိက သုံးနိုင်ငံ ICC မှ နုတ်ထွက်

Dawei Watch

September 24, 2025

အာဖရိကတိုက်အနောက်ပိုင်းက စစ်တပ်အုပ်ချုပ်သည့် နိုင်ငံများဖြစ်သည့် မာလီ ၊ ဘူကီနာဖာဆိုနှင့် နိုင်ဂျာနိုင်ငံတို့သည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ နုတ်ထွက်ကြောင်း စက်တင်ဘာလ ၂၂ ရက်က ပူးတွဲကြေညာလိုက်သည်။ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် ‘ကိုလိုနီလက်သစ်ဝါဒ ဖိနှိပ်မှုနည်းလမ်း’ တစ်ခုသာ ဖြစ်သည်ဟုဆိုကာ ယင်းသို့ နုတ်ထွက်ခြင်း ဖြစ်သည်။ ယင်းမှာ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းမှု ရှစ်ကြိမ်အထိ ဖြစ်ပွားခဲ့သည့် အာဖရိကတိုက်အနောက်ပိုင်း ဆာဟဲဒေသတွင် ယခုနောက်ဆုံးထွက်ပေါ်လာသည့် သံတမန်ရေး မတည်ငြိမ်မှု ဖြစ်သည်။ အဆိုပါ သုံးနိုင်ငံသည် အနောက်အာဖရိကဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ECOWAS အဖွဲ့မှလည်း နုတ်ထွက်ထားပြီး ဆာဟဲနိုင်ငံများမဟာမိတ်အဖွဲ့ (Alliance of Sahel States) ဆိုသည့်အဖွဲ့တစ်ခု ဖွဲ့စည်းထားသည်။ ယင်းနိုင်ငံ ၃ ခုသည် […]

ဘန်ကောက် ဗဂျီရာ ဆေးရုံအနီး မြေကျွံ၊ ကားတစ်စီးနှင့် ဓာတ်တိုင်နှစ်တိုင် ပြုတ်ကျ

Dawei Watch

September 24, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆမ်ဆန်လမ်းပေါ်ရှိ ဗဂျီရာ ဆေးရုံရှေ့တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက မြေကျွံကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ဆေးရုံရှေ့ရှိ MRT ရထားလိုင်းအသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆမ်ဆန်ရဲစခန်းရှေ့က လျှပ်စစ်ဓာတ်တိုင်နှစ်တိုင်နှင့် ထရပ်ကားတစ်စီး မြေကျွံကျသည့် အပေါက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည် ။ မြေကျွံကျမှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း မြေကျွံကျမှု ဧရိယာကျယ်ပြန့်လာနိုင်သဖြင့် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်ရန် လှုံ့ဆော်ထားသည်။ ယင်းအပြင် မြေကျွံကျမှုကြောင့် ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်နေသဖြင့် ယာဥ်ကြောပိတ်ဆို့မှု ရှင်းလင်းနိုင်ရန်လည်း ဆောင်ရွက်ချက်ရှိကြောင်း ဖော်ပြသည်။ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ရာဂါဆာမုန်တိုင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ အနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း […]

ပါလက်စတိုင်းနိုင်ငံကို ကုလအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များ အသိအမှတ်ပြု ထောက်ခံ

Dawei Watch

September 23, 2025

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လာသည့် ဒါဇင်နှင့်ချီသည့် ကမ္ဘာ့ခေါင်းဆောင်များက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု ထောက်ခံခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ယင်းမှာ အစ္စရေးနှင့် ၎င်း၏ မဟာမိတ်ဖြစ်သူ အမေရိကန်အစိုးရတို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော်လည်း ဂါဇာစစ်ပွဲ နှစ်နှစ်ပြည့်ခါနီးအလိုတွင် ထွက်ပေါ်လာသည့် ကြီးမားသည့် သံတမန်ရေးအပြောင်းအလဲတစ်ခု ဖြစ်သည်။ အစ္စရေးသမိုင်းတွင် လက်ယာစွန်းအရောက်ဆုံးဖြစ်သည့် လက်ရှိ နေတန်ညာဟုအစိုးရက ပါလက်စတိုင်းနိုင်ငံဟူ၍ ရှိလာမည် မဟုတ်ဟု ကြေညာထားသည်။ လူပေါင်း ၁၂၀၀ ခန့် သေဆုံးစေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ အစ္စရေးသည် ဂါဇာတွင် ဟားမတ်စ်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဂါဇာတွင် ၎င်းတို့၏ စစ်ရေးလုပ်ဆောင်မှုများကြောင့် အစ္စရေးအစိုးရအပေါ် ကမ္ဘာ့နိုင်ငံများမှ […]

ဖိလစ်ပိုင်ဆန္ဒပြပွဲအတွင်း လူ ၂၀၀ ကျော် အဖမ်းခံရ

Dawei Watch

September 22, 2025

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် အစိုးရအကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း လူပေါင်း ၂၀၀ ကျော် အဖမ်းခံထားရပြီး လူ ၅၀ ဝန်းကျင် ဆေးရုံတင်ထားရကြောင်း NHK သတင်းတွင် ဖော်ပြထားသည်။ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးစီမံကိန်းများကို အစိုးရက အမှန်တကယ် မလုပ်ဆောင်ဘဲ လွှတ်တော်အမတ်များနှင့် အစိုးရအရာရှိများ၏ အကျင့်ပျက်ခြစားမှုကြောင့် အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ဆန္ဒပြသူများဘက်က စွပ်စွဲကာ တနင်္ဂနွေနေ့က မြို့တော်မနီလာတွင် လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲအတွင်း ရဲများနှင့် ဆန္ဒပြသူများအကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးများ ၊ မိုလိုတော့ဗ်မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ လူ ၂၁၆ ဦး ဖမ်းဆီးခံထားရပြီး အနည်းဆုံး ၄၆ […]

၁၉၆၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလအစည်းအဝေးသို့ ဆီးရီးယားခေါင်းဆောင်တက်မည်

Dawei Watch

September 22, 2025

ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာသည် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအစည်းအဝေးသို့ ဆီးရီးယားသမ္မတတစ်ဦး ပါဝင်တက်ရောက်လာခြင်း ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကြေညာသည်။ ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာသည် ယခင်က အယ်ကိုင်းဒါးအဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်ဖြစ်ဖူးပြီး ၎င်း၏ ဦးခေါင်းအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေ အထုတ်ခံရဖူးသူ ဖြစ်သည်။ အာမက်အယ်လ်ရှာရာသည် ယခုနှစ် မေလက ဆော်ဒီနိုင်ငံ ၊ ရီယာ့ဒ်မြို့မှ ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး သံတမန်ရေးအရ အဓိကအောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအများစုကို […]

နေတိုးအဖွဲ့ဝင် အက်စတိုးနီးယားလေပိုင်ထဲ ရုရှားတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်

Dawei Watch

September 20, 2025

နေတိုးအဖွဲ့ဝင်ဖြစ်သည့် အက်စတိုးနီးယားနိုင်ငံ လေပိုင်နက်အတွင်းသို့ စက်တင်ဘာ ၁၉ ရက်က ရုရှားတိုက်လေယာဉ်သုံးစင်း ကျူးကျော်ဝင်ရောက်ခဲ့သည်။ ရုရှား၏ အဆိုပါ ကျူးကျော်ဝင်ရောက်မှုမှာ ၁၂ မိနစ်ခန့်အထိ ကြာမြင့်ခဲ့သည်။ ယင်းမှာ ရုရှား၏ “မကြုံစဖူး မျက်နှာပြောင်တိုက် ကျူးကျော်ဝင်ရောက်မှု” ဟု အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ကျူးကျော်ဝင်ရောက်လာသည့် ရုရှားတိုက်လေယာဉ်များကို တားဆီးရန် နေတိုးအဖွဲ့က ချက်ချင်းတုံ့ပြန်ခဲ့ကြောင်းလည်း နေတိုး၏ ပြောခွင့်ရပုဂ္ဂိုလ်Allison hart က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။ “ဒါဟာ ရုရှားရဲ့ မဆင်မခြင်လုပ်ရပ်နဲ့ နေတိုးရဲ့ တုံ့ပြန်နိုင်စွမ်းကို ထင်ဟပ်စေတဲ့ နောက်ထပ်ဥပမာတစ်ခုပါပဲ” ဟု သူမက ဆိုသည်။ ရုရှားကာကွယ်ရေးဝန်ကြီးကမူ ၎င်းတို့အနေဖြင့် အက်စတိုးနီးယားလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းမရှိဘဲ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သည်ဟု စနေနေ့ အစောပိုင်းတွင် တယ်လီဂရမ် ချန်နယ်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။ […]

မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ပျက်ကွက်သည့် နိုင်ငံစာရင်းတွင် ကန်အစိုးရက မြန်မာကိုထည့်သွင်း

Dawei Watch

September 19, 2025

ပြီးခဲ့သည့်နှစ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန် ‘သိသာထင်ရှားစွာ ပျက်ကွက်ခဲ့သည့်’ နိုင်ငံများစာရင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို ယခုအပတ် တနင်္လာနေ့က ထည့်သွင်းလိုက်သည်။ ဗင်နီဇွဲလားမူးယစ်ဆေး သယ်ဆောင်လာသည်ဟု စွပ်စွဲခံရသည့် လှေတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ “ပြီးခဲ့သည့် ၁၂ လအတွင်း အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့သည် ၎င်းတို့၏ နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်များအောက်မှ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် သိသိသာသာ ပျက်ကွက်ခဲ့သည်ဟု ကျွန်ုပ် ဤနေရာတွင် သတ်မှတ်လိုက်သည်” ဟု ကွန်ဂရက်လွှတ်တော်သို့ တနင်္လာနေ့က တင်သွင်းခဲ့သည့် စာထဲတွင် ထရမ့်က ရေးသားထားသည်။ အဆိုပါ နိုင်ငံများအတွက် အမေရိကန်အစိုးရ၏ ကူညီထောက်ပံ့ပေးမှုမှာ အမေရိကန်အကျိုးစီးပွားအတွက် အင်မတန်အရေးပါသည်ဟုလည်း […]

နယ်စပ်တွင်ဆန္ဒပြသည့် ကမ္ဘောဒီးယားများကို ထိုင်းရဲတပ်ဖွဲ့ ရော်ဘာကျည်ဖြင့်ပစ်ခတ်ဖြိုခွဲ

Dawei Watch

September 18, 2025

နှစ်နိုင်ငံ အငြင်းပွားနေသည့် နယ်စပ်တွင် ဆန္ဒပြသည့် ကမ္ဘောဒီးယားလူမျိုး အရပ်သားများကို စက်တင်ဘာလ ၁၇ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ယင်းသို့ ပစ်ခတ်ခဲ့ကြောင်းကို ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးရှိ အာဏာပိုင်များက အတည်ပြုပြောဆိုထားသည်။ အဆိုပါ ဖြစ်ရပ်မှာ ဇူလိုင်လတွင် ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား လူသေဆုံးသည်အထိ ငါးရက်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် တင်းမာမှုဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားလူမျိုး အရပ်သားများ အနည်းဆုံး ၂၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း ကမ္ဘောဒီးယားအာဏာပိုင်များက ပြောဆိုသည်။ ကမ္ဘောဒီးယား ဆန္ဒပြသူများ၏ တိုက်ခိုက်မှုကြောင့် ထိုင်းလုံခြုံရေးအရာရှိအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ ဆန္ဒပြမှုဖြစ်ပွားသည့်နေရာသည် ထိုင်းနိုင်ငံ၊ ဆာကဲပြည်နယ်၊ ဘန်နွန်းရခဲယိုကျေးရွာပိုင်နယ်မြေဖြစ်ကြောင်း ထိုင်းအစိုးရက […]