ကမ္ဘောဒီးယား ပစ်ခတ်မှု ထိုင်းတွင် ကျောင်းသားအပါအဝင် သေဆုံးသူ ၁၂ ဦးအထိရှိလာ
Dawei Watch
July 24, 2025ကမ္ဘောဒီးယားနိုင်ငံဘက်က ရော့ကတ်ဒုံးကျည်များဖြင့် ထိုင်းနယ်စပ်ခရိုင်များသို့ ပစ်ခတ်မှုကြောင့် ကျောင်းသားများ အပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုမှတစ်ဆင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းမှစ၍ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်လာခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။ ကမ္ဘောဒီးယားဘက်က ထိုင်းနယ်စပ်ခရိုင် ခြောက်ခုကို BM-21 ရော့ကတ်ဒုံးကျည်များဖြင့် ပစ်ခတ်နေပြီး ကျောင်းသား နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနှင့် စစ်သား တစ်ဦးသေဆုံးကြောင်း ထိုင်းအစိုးရဘက်က ညနေပိုင်းတွင် ထုတ်ပြန်သည်။ ဒုံးကျည်များသည် လူနေအိမ်များ၊ ဆေးရုံ၊ PTT ဓါတ်ဆီဆိုင်နှင့် 7-Eleven စတိုးဆိုင်များသို့ ထိမှန်ခဲ့သဖြင့် ဒဏ်ရာရရှိသူ ပြည်သူ ၂၄ ဦးနှင့် စစ်သား ခုနစ် ဦးအထိ […]


