အမျိုးသမီး ဓမ္မတာရက်ကို ခွင့်အဖြစ်သတ်မှတ်ရန် ထိုင်းအစိုးရ ညွှန်ကြား
Dawei Watch
May 21, 2025ထိုင်းနိုင်ငံရှိ အမျိုးသမီးအလုပ်သမားများ၏ ဓမ္မတာလာသောရက်များကို ခွင့်ရက်အဖြစ်သတ်မှတ်ပြီး လုပ်အားခအပြည့် ပေးချေရန် အလုပ်ရှင်များကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက မေလ ၂၁ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ အမျိုးသမီးအလုပ်သမားများအား ဓမ္မတာရက်ကို လစာအပြည့်ဖြင့် ခွင့်ရက်သတ်မှတ်ပေးရန် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနက မေလ ၇ ရက်နေ့က လက်မှတ်ထိုးထားသော ညွှန်ကြားစာကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ခရိုင်အသီးသီးရှိ အလုပ်သမားရုံးများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ညွှန်ကြားစာတွင် ပါရှိသည်။ ညွှန်ကြားစာတွင် အလုပ်ရှင်များအနေဖြင့် အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာသော ရက်ကို လစာအပြည့်ဖြင့် ခွင့်ရက်သတ်မှတ်ပေးရန်နှင့် လုပ်ငန်းခွင်ထဲရှိ အမျိုးသမီးအားလုံးအတွက် လစဉ်သုံးပစ္စည်းများကို အခမဲ့ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားသည်။ အမျိုးသမီး အလုပ်သမားများ၏ အခွင့်အရေးများ ပိုမိုရရှိလာရန် အချက်များကို မြောက်ပိုင်းအလုပ်သမားအဖွဲ့အစည်းများက နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင် အလုပ်သမားဝန်ကြီးဌာနထံ တင်ပြတောင်းဆိုထားခြင်းဖြစ်သည်။ ယင်းအချက်များအနက် အမျိုးသမီး […]