ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထရမ့်အမိန့် ဖီဆန်ရန် ကန်စစ်သားများကို တိုက်တွန်းသည့် ကိုလံဘီယာသမ္မတ ကန်ဗီဇာ ဖျက်သိမ်းခံရ

Dawei Watch

September 27, 2025

လက်ဝဲယိမ်း ကိုလံဘီယာသမ္မတ Gustavo Petro ၏ အမေရိကန်ဗီဇာကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပါလက်စတိုင်းထောက်ခံသည့် ဆန္ဒပြပွဲ၌ သမ္မတ Petro ၏ သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်များကြောင့် ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ “ဒီကနေ့ အစောပိုင်းမှာ ကိုလံဘီယာသမ္မတ Gustavo Petro ဟာ နယူးယောက်မြို့ရဲ့ လမ်းပေါ်မှာ ရပ်ပြီး အမေရိကန်စစ်သားတွေ အနေနဲ့ အထက်က အမိန့်တွေ မနာခံကြဖို့ တိုက်တွန်းခဲ့ပြီး အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ ကိုလံဘီယာသမ္မတ Petro ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဗီဒီယိုတစ်ခု မျှဝေထားသည်ကို […]

ဘန်ကောက် ကားပါကင်တွင် ယာဉ် ၃၅ စီး မီးလောင်

Dawei Watch

September 27, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူနေတိုက်ခန်းတွဲရှိ ကားပါကင်တွင် မီးလောင်မှုဖြစ်ခဲ့သဖြင့် ယာဉ် ၃၅ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်က ဘန်ကောက်မြို့ ရတ်ဘူရနနယ်မြေ စူစဝပ် ၁၇ လမ်း လူနေတိုက်ခန်းရှိ ကားပါကင်ထဲ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် တိုက်ခန်းနေ ပြည်သူများ ဘေးလွတ်ရာ အမြန်တိမ်းရှောင်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရသည်။ မီးလောင်မှုကို မီးသတ်သမားများက မိနစ် ၂၀ အတွင်း ထိန်းချုပ်နိုင်ခဲ့သော်လည်း ကားပါကင်ထဲ ရပ်ထားသော ကား ၃ စီး၊ ဆိုင်ကယ် ၂၉ စီး၊ စက်ဘီး ၃ စီး ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က […]

နေတိုးနှင့် EU က ရုရှားပေါ် အမှန်တကယ်စစ်ကြေညာထားပြီးဖြစ်ဟု ရုရှားက ကုလတွင် စွပ်စွဲ

Dawei Watch

September 26, 2025

နေတိုးနှင့် ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းကို အသုံးချကာ ရုရှားအပေါ် စစ်ပွဲဆင်နွှဲနေကြောင်း ရုရှားနိုင်ငံခြားဝန်ကြီးက ကုလသမဂ္ဂတွင် စက်တင်ဘာလ ၂၅ ရက်က ပြောကြားလိုက်သည်။ ယူကရိန်းအနေဖြင့် ၎င်းတို့ ဆုံးရှုံးထားသည့် ပိုင်နက်အားလုံးကို ပြန်ယူနိုင်မည်ဟု ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနှစ်ရက်အကြာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ၌ G-20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “နောက်ထပ်ရှင်းလင်းတဲ့ ဥပမာတစ်ခုကတော့ ယူကရိန်းမှာ ဖြစ်နေတဲ့ အကျပ်အတည်းဟာ အနောက်အုပ်စုရဲ့ လှုံ့ဆော် သွေးထိုးမှုကြောင့် ဖြစ်တယ်ဆိုတာပါပဲ။ နေတိုးနဲ့ ဥရောပသမဂ္ဂ (EU) ဟာ ကျွန်တော့်နိုင်ငံအပေါ် တကယ့်စစ်ပွဲတစ်ခု ကြေညာထားခဲ့ပြီးပါပြီ။ ဒီစစ်ပွဲမှာ သူတို့က တိုက်ရိုက်ပါဝင်နေကြတာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov […]

ဆန္ဒပြပွဲများကြောင့် မဒါဂတ်စကားနိုင်ငံ မြို့တော်တွင် ညမထွက်ရအမိန့်ထုတ်

Dawei Watch

September 26, 2025

လျှပ်စစ်မီးနှင့် ရေ မကြာခဏပြတ်လပ်မှုများကြောင့် မာဒါဂတ်စကားနိုင်ငံ မြို့တော် အန်တနားနာရီဗိုတွင် စက်တင်ဘာလ ၂၅ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ပါဝင်လာပြီးနောက် ယင်းသို့ အမိန့်ထုတ်ထားခြင်း ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။ ဆန္ဒပြသူများက အစိုးရကို အပြစ်တင်ဝေဖန်ခဲ့ကြပြီး နိုင်ငံအနှံ့တွင် သန့်ရှင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီး ပုံမှန်ရရှိရန် တောင်းဆိုခဲ့ကြသည်။ ကြာသပတေးနေ့က မြို့တော်အန်တနားနာရီဗိုတွင် လူငယ်အများစုပါဝင်သည့် ထောင်နှင့်ချီသော ဆန္ဒပြသူများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်ခဲ့သည်။ “ကံမကောင်းစွာနဲ့ပဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူများတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဖို့ ကြိုးစားကြသူတွေလည်း ရှိနေတယ်” ဟု နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ပြည်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် […]

အငြင်းပွားနယ်မြေဖြစ်သော အနောက်ဘက်ကမ်းကို အစ္စရေးအား သိမ်းခွင့်မပြုဟု ထရမ့်ပြော

Dawei Watch

September 26, 2025

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အငြင်းပွားနယ်မြေဖြစ်သည့် အနောက်ဘက်ကမ်း (West Bank) ကို အစ္စရေးက သိမ်းပိုက်လိုက်တာမျိုး ခွင့်ပြုမည်မဟုတ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် အာရပ်နှင့် မွတ်စလင်အများစုနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အာမခံပြောကြားလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ အဆိုပါဧရိယာကို အစ္စရေးပိုင်နက်အတွင်း ထည့်သွင်းလိုသည့် လက်ယာစွန်းအစ္စရေး နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုများကို ထရမ့်က ငြင်းဆန်ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် အနောက်ဘက်ကမ်း (West Bank) ကို သိမ်းပိုက်ရန် ၎င်း၏ လက်ယာယိမ်းမဟာမိတ်များထံမှ ဖိအားနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယင်းအခြေအနေက အာရပ်ခေါင်းဆောင်များအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့ပြီး အဆိုပါ အာရပ်ခေါင်းဆောင်အချို့သည် […]

CI မှ ပတ်စပို့ ပြောင်းလျှောက်သူများကို ထိုင်းတွင်သာ အသုံးပြုခွင့်ရှိကြောင်း တံဆိပ်တုံးထုပြီး ထုတ်ပေး

Dawei Watch

September 25, 2025

ထိုင်းတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူး လက်မှတ် ပြောင်းလဲလျှောက်ထားရာတွင် ထိုင်းတစ်နိုင်ငံတည်းတွင် အသုံးပြုခွင့်ပြုဆိုသည့် တံဆိပ်တုံးထုကာ ထုတ်ပေး ကြောင်း ဗီဇာဝန်ဆောင်မှုလုပ်ကိုင်သူများနှင့်ကိုယ်တိုင်ကြုံရသူများထံမှ သိရသည်။ CI စာအုပ်မှာ ထိုင်းနိုင်ငံတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများကို ပြုလုပ်ပေးသည့် သက်သေခံလက်မှတ် တစ်ခုဖြစ်သည်။ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြောင်းလျှောက်ပြီးနောက် စက်တင်ဘာလ ၂၄ ရက်တွင် စာအုပ်ပြန်ရစဥ် Passport for Thailand only တံဆိပ်တုံး ထုထားသည်ကို တွေ့ရကြောင်း ကိုယ်တိုင်ကြုံရသည့် ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။ ဗီဇာနှင့် ပတ်စပို ဝန်ဆောင်မှုလုပ်ကိုင်နေသည့် လုပ်ငန်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း မဟာချိုင်ဒေသတွင် စာအုပ်ပြောင်းလျှောက်သူများတွင် ယင်းသို့ တံဆိပ်တုံးများ စထုပေးနေကြောင်း ဖော်ပြနေကြသည်ကို […]

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သားများ ဖိလစ်ပိုင်သွားမည်

Dawei Watch

September 25, 2025

ဂျပန်နှင့် ဖိလစ်ပိုင်အကြား အရေးကြီးကာကွယ်ရေး သဘောတူစာချုပ်တစ်ခု ယခုလတွင် စတင်အသက်ဝင်လာခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သားများ ဖိလစ်ပိုင်မြေပေါ်သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။ Reciprocal Access Agreement (RAA) ဆိုသည့် ယင်းကာကွယ်ရေးစာချုပ်အရ ဂျပန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ အဆိုပါ စာချုပ်အရ ဂျပန်သည် အင်ဒို-ပစိတ်ဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ အရေးကြီးမိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာသည်ဟုလည်း ကျွမ်းကျင်သူများက ဆိုကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ကာကွယ်ရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ ၊ မြို့တော်မနီလာတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jnr နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko […]

ကန်နိုင်ငံခြားထောက်ပံရေးရန်ပုံငွေကို ‘အမေရိကန် ပဓာန’ ရည်မှန်းချက်အတွက် ပြောင်းသုံးမည်

Dawei Watch

September 25, 2025

ထရမ့်အစိုးရသည် အမေရိကန်၏ နိုင်ငံခြားထောက်ပံ့ငွေမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကို ၎င်းတို့၏ “အမေရိကန် ပဓာန” ရည်မှန်းချက်များကို အထောက်အကူပြုသည့် စီမံကိန်းများတွင် ပြောင်းလဲသုံးစွဲရန် စီစဉ်နေကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဂရင်းကျွန်းတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခြင်း ၊ လက်တင်အမေရိကရှိ အမေရိကန်ကို မလိုလားသည့် မာ့ဝါဒီအစိုးရများကို တိုက်ခိုက်ခြင်းတို့တွင် အဆိုပါ ငွေကြေးများကို ပြောင်းလဲသုံးစွဲရန် စီစဉ်နေကြောင်း ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ထရမ့်အစိုးရ၏ အစီရင်ခံစာတစ်စောင်ကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် အစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စုကို ပိုလုံခြုံမှုရှိစေမည့် ၊ ပိုမိုအင်အားကြီးမားစေမည့် (သို့) ပိုမိုချမ်းသာကြွယ်ဝစေမည့် နည်းလမ်းများဖြင့်သာ နိုင်ငံခြားထောက်ပံ့ရေးရန်ပုံငွေများကို သုံးစွဲသင့်ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။ ကွန်ဂရက်လွှတ်တော်က […]