ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်းတွင် ပိုကာကစားနည်းကို တရားဝင်ခွင့်ပြုရန် လက်မှတ်ထိုး

Dawei Watch

August 5, 2025

ထိုင်းနိုင်ငံတွင် ပိုကာ(ဖဲ)ကစားနည်းကို ထိန်းချုပ်မှုများအောက်မှ တရားဝင်အဖြစ် ခွင့်ပြုပေးရန် ယာယီဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ပိုကာ (Poker) ကစားနည်းကို အားကစားတစ်ခုအဖြစ် မြှင့်တင်ပြီး နိုင်ငံတကာပြိုင်ပွဲများပါ ကျင်းပလာနိုင်ရေး ရည်ရွယ်၍ ယခင်သတ်မှတ်ထား‌သော စည်းမျဉ်းများကို ပယ်ဖျက်ရန် ပြည်ထဲရေးဝန်ကြီးက လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။ ပိုကာကစားနည်းကို လောင်းကစားဥပဒေအရ ၁၉၅၈ ခုနှစ်ကတည်းက ပိတ်ပင်ထားခြင်းဖြစ်ပြီး ယင်းဥပဒေကို ဖျက်သိမ်းကြောင်းကို ယာယီဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ပိုကာကစားနည်းကို တရားမဝင်ဖြစ်မှုမှ ပယ်ဖျက်ရန် လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း တရားဝင် သတ်မှတ်နိုင်ရေး ထိလွယ်ရှလွယ်ဖြစ်သဖြင့် ပြန်လည်သုံးသပ်ရမည့် ဥပဒေများကို အဆင့်လိုက် ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Phumtham […]

ဂါဇာအတွက် အကူအညီများကို ကနေဒါအစိုးရက လေယာဉ်ပေါ်မှ ချပေး

Dawei Watch

August 5, 2025

အစ္စရေးစစ်တပ်၏ ၂၂ လနီးပါးကြာ တိုက်ခိုက်မှုဒဏ်ခံစားနေရသည့် ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများကို လေယာဉ်ပေါ်မှချပေးခဲ့ကြောင်း ကနေဒါအစိုးရက ဩဂုတ်လ ၄ ရက်နေ့တွင် ပြောဆိုသည်။ အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီပစ္စည်း အလေးချိန် ၂၁၆,၀၀ ပေါင်ကို ကနေဒါစစ်တပ်မှ CC-130J Hercules လေယာဉ်ကို အသုံးပြုကာ ဂါဇာတွင် ချပေးခဲ့သည်ဟု ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းမှာ ကနေဒါစစ်တပ်ပိုင်လေယာဉ်ကို သုံး၍ ဂါဇာတွင် ပထမဆုံးအကြိမ် လူသားချင်းစာနာမှုအကူအညီ လေကြောင်းမှ ချပေးခြင်း ဖြစ်ကြောင်း ကနေဒါမီဒီယာတစ်ခုက ဖော်ပြသည်။ အစ္စရေးအစိုးရသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက်ရှိကြောင်းလည်း ကနေဒါအစိုးရက ဆိုလိုက်သည်။ ကနေဒါအပါအဝင် နိုင်ငံ ၆ နိုင်ငံက ဂါဇာဒေသခံများအတွက် စားနပ်ရိက္ခာအထုပ်အပိုး ၁၂၀ ခုကို လေကြောင်းမှ ချပေးခဲ့သည်ဟု […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 1, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၂၆ မှ ဩဂုတ် ၁ ရက်အထိ တိုင်ဖွန်းမုန်တိုင်း ရှန်ဟိုင်းမြို့ကို တိုက်ခတ် တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ ဟာ ဇူလိုင် ၃၀ ရက်မှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ကို တိုက်ခတ်ခဲ့လို့ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ရှန်ဟိုင်းမြို့မှာ အရေးပေါ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေ အဆင်သင့်အနေအထား ရှိနေကြတာပါ။ တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ဟာ မနက်ပိုင်းမှာ ကျဲ့ကျန်းပြည်နယ် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ ရှန်ဟိုင်းမြို့ တောင်ပိုင်း ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ထပ်မံဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းဗဟိုနားက အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီ ၅၂ မိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ […]

ဟားမတ်အဖွဲ့ လက်နက်စွန့်ရန် အာရပ်နိုင်ငံများ ပထမဆုံးအကြိမ် တညီတညွတ်တည်း တောင်းဆို

Dawei Watch

August 1, 2025

ဟားမတ်အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန်၊ ဖမ်းဆီးထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန် အာရပ်နိုင်ငံများက ပထမဆုံးအကြိမ်အဖြစ် တညီတညွတ်တည်း တောင်းဆိုလိုက်သည်။ ယင်းသို့ လုပ်ဆောင်ခြင်းက ပါလက်စတိုင်းနိုင်ငံတစ်ခု ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုနိုင်သည်ဟု အာရပ်နိုင်ငံများက ဆိုသည်။ အဖွဲ့ဝင် ၂၂ နိုင်ငံ ပါဝင်သည့် အာရပ်အဖွဲ့ချုပ် (Arab League) က အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ကြေညာချက်တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ အောက်တိုဘာ ၇ တိုက်ခိုက်မှုကိုလည်း ရှုတ်ချထားသည်။ “ဂါဇာမှာ စစ်ပွဲအဆုံးသတ်ရေးနဲ့ ဆက်စပ်ပြီး ဟားမတ်စ်အဖွဲ့က ဂါဇာမှာ သူတို့ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ရမယ်။ ဟားမတ်စ်အဖွဲ့က သူတို့ရဲ့ လက်နက်တွေကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ဆီကို လွှဲပြောင်းပေးအပ်ရမယ်။ ပါလက်စတိုင်းနိုင်ငံတစ်ခု ထူထောင်ရေးရည်မှန်းချက်နဲ့ […]

ရုရှားငလျင်ကြောင့် ဆူနာမီ သတိပေးချက်များထုတ်ပြန်၊ ရုရှားနှင့် ဂျပန်သို့ ဆူနာမီလှိုင်းများ စတင်ရိုက်ခတ်

Dawei Watch

July 30, 2025

ရုရှားနိုင်ငံ၊ အရှေ့ဘက် ကမ်းရိုးတန်းကျွန်းဆွယ်အနီးတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရုရှား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုက ဆူနာမီအန္တရာယ် ကျရောက်နိုင်သော ဒေသများရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ရုရှားနိုင်ငံ အရှေ့ဘက် ကန်ချက်တာကျွန်းဆွယ်အနီးတွင် ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ အင်အားပြင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ထပ် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ငယ်များလည်း ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ရုရှားနိုင်ငံ Petropavlovsk-Kamchatsky မြို့ရှိ အဆောက်အဦးများ ပြိုပျက်ခဲ့ပြီး လမ်းပေါ်က ကားများလည်း […]

မြန်မာ့မြေရှားရရှိရေး အဆိုပြုချက်များ ထရမ့်အစိုးရကြားနာ

Dawei Watch

July 29, 2025

မြန်မာ့မြေရှားသတ္တုများကို အမေရိကန်က ရရှိရေး အဆိုပြုချက်များကို ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့ကြောင်း ယင်းအကြောင်း တိုက်ရိုက်သိရှိသူ လေးဦး၏ ပြောဆိုချက်ကို ကိုးကား၍ Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းအဆိုပြုချက်များသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏ ကာလရှည်မူဝါဒတွင် သိသာကြီးမားစွာ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း Reuters က ဖော်ပြသည်။ မြန်မာနိုင်ငံမှ အများအပြားထွက်ရှိနေသည့် မြေရှားသတ္တုများကို တရုတ်က ရရှိနေပြီး ယင်းတို့ကို တရုတ်အစား အမေရိကန်က ရရှိလာစေရန် ရည်ရွယ်ချက်နှင့် အဆိုပါ အဆိုပြုချက်များကို ကြားနာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များက ဆိုသည်။ အဆိုပါ အဆိုပြုချက်များကို အမေရိကန်စီးပွားရေးလော်ဘီသမားတစ်ဦးက ထရမ့်အစိုးရအရာရှိများကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအမေရိကန် စီးပွားရေးလော်ဘီသမားသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ အကြံပေးဟောင်းတစ်ဦးဖြစ်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အပြင် အခြားသော ပြင်ပကျွမ်းကျင်သူများနှင့်ပါ […]

ထိုင်း-ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်‌ရန် နှစ်နိုင်ငံသဘောတူ

Dawei Watch

July 28, 2025

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ချက်ချင်းခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဦးဆောင်၍ ယနေ့ (ဇူလိုင်လ ၂၈)ပြုလုပ်သည့် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်များက သဘောတူလိုက်ခြင်းဖြစ်ကြောင်း သတင်းစာရှင်လင်းပွဲတွင် ကြေညာခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်တို့နှစ်ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အပြန်အလှန် သဘောတူလိုက်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်ပွဲတွင် ပြောကြားသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက် က ယခုညမှစ၍ ပစ်ခတ်မှုများ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောသည်။ အပစ်ရပ်စဲရေး သဘောတူညီချက်သည် လာမည့် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီမှစ၍ အသက်ဝင်မည်ဖြစ်ကြောင်းလည်း ကြေညာသည်။ […]

ရှောင်လင်ကျောင်းတော်၏ အကြီးအကဲကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေး

Dawei Watch

July 28, 2025

ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် တရုတ်ရှောင်လင်ဘုန်းကြီးကျောင်း၏ အကြီးအကဲကို ဘုရားကျောင်းပိုင်ပစ္စည်းနှင့် ရန်ပုံ‌ငွေများကို အလွဲသုံးစားပြုမှုအပါအဝင် ရာဇဝတ်ပြစ်မှုများဖြင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဇူလိုင်လ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ အသက် ၆၀ အရွယ် ရှောင်လင်ဘုန်းကြီး Shi Yongxin သည် အမျိုးသမီးအများအပြားနှင့် မဖွယ်မရာ ဆက်ဆံရေးရှိခဲ့ပြီး တရားမဝင် သားသမီးများစွာ ရရှိထားကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ၎င်းအား စွပ်စွဲထားသည်။ ၎င်းနှင့် ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို အများပြည်သူထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဆိုသည်။ လက်ရှိတွင် ဘုန်းတော်ကြီး Shi အား ဌာနပေါင်းစုံက ပူးတွဲစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ပြောဆိုသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က စတင်တည်ထောင်ခဲ့သည့် […]