ယူကရိန်းငြိမ်းချမ်းရေးကို မဟန့်တားရန် ပူတင်ကို ထရမ့်သတိပေး
Dawei Watch
August 14, 2025ယူကရိန်းတွင် ငြိမ်းချမ်းရေးမရရှိရန် ပိတ်ဆို့နေလျှင် ပြင်းထန်သည့် နောက်ဆက်တွဲများနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ဩဂုတ်လ ၁၃ ရက်နေ့တွင် သတိပေးလိုက်သည်။ ယူကရိန်းသမ္မတဇလန်းစကီးပါ ပါဝင်မည့် ပူတင်နှင့် တွေ့ဆုံပွဲကိုလည်း မကြာမီ ပြုလုပ်သွားဖွယ်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ယူကရိန်းငြိမ်းချမ်းရေးကို ဟန့်တားလျှင် ရုရှား ရင်ဆိုင်ရမည့် နောက်ဆက်တွဲများကို ထရမ့်က တိတိပပ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ သို့သော်ဩဂုတ်လ ၁၅ ရက် သောကြာနေ့တွင် ပြုလုပ်မည့် ထရမ့်နှင့် ပူတင်အကြား ယူကရိန်းအရေး ထိပ်သီးဆွေးနွေးပွဲတွင် ရလဒ်မထွက်ပေါ်လာလျှင် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ကြောင်း ထရမ့်က သတိပေးပြောဆိုခဲ့သည်။ ယူကရိန်းသမ္မတဇလန်းစကီးအပါအဝင် ဥရောပခေါင်းဆောင်များနှင့် သမ္မတထရမ့်တို့အကြား အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက်တွင် အဆိုပါ မှတ်ချက်စကားများကို ထရမ့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ သောကြာနေ့ ဆွေးနွေးပွဲအပြီးတွင် […]


