ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဒိန်းမတ်တွင် အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်မည်

Dawei Watch

October 8, 2025

နိုင်ငံအတွင်း အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်ရန် စီစဉ်နေကြောင်း ဒိန်းမတ်အစိုးရက အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ဖော်အသိပေးလိုက်သည်။ သို့သော် အသက် ၁၅ နှစ်အောက် ကလေးများအတွက် မည်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဒိန်းမတ်အစိုးရက ပိတ်ပင်သွားမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မည်သည့်နည်းလမ်းများဖြင့် လက်တွေ့ပိတ်ပင်သွားမည်ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အင်္ဂါနေ့က လွှတ်တော်တွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က “ကျွန်မတို့ မကောင်းဆိုးဝါးတစ်ကောင် လွှတ်ပေးလိုက်မိပြီ” ဟု ပြောဆိုခဲ့သည်။ “ဆဲလ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာက ကျွန်မတို့ ကလေးတွေရဲ့ ကလေးဘဝကို လုယူနေတယ်” ဟု သူမက ပြောသည်။ အသက် ၁၁ မှ ၁၉ […]

ယခုနှစ်မကုန်မီ မြန်မာအတွက် ဆွီဒင်က ခရိုနာငွေ ၂၃ သန်း ထောက်ပံ့မည်

Dawei Watch

October 7, 2025

ဆွီဒင်ခရိုနာငွေ ၇၇၅ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်းဝန်းကျင်) တန်ကြေးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ်တစ်ခုကို ဆွီဒင်အစိုးရက စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ဦးစားပေး အကူအညီပေးသွားမည့် ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ အဆိုပါ ရန်ပုံငွေထောက်ပံ့မှုသည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွီဒင်အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) တို့၏ ပူးပေါင်းအစီအစဉ် ဖြစ်သည်။ ယင်းထောက်ပံ့မည့် အစီအစဉ်မှာ ယူကရိန်းအား ပိုကူညီပေးရန် မြန်မာနိုင်ငံအတွက် အကူအညီများကို ဖြည်းဖြည်းချင်း လျှော့ချမည်ဟု ဆွီဒင်အစိုးရက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် သတင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ဆွီဒင်ခရိုနာငွေ ၂၃ သန်း (အမေရိကန်ဒေါ်လာ […]

ဆူဒန်လက်နက်ကိုင် ခေါင်းဆောင်ဟောင်းတစ်ဦးကို စစ်ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း ICC ဆုံးဖြတ်

Dawei Watch

October 7, 2025

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်(Janjaweed) လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးအား လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း အောက်တိုဘာလ ၆ ရက်နေ့က ဆုံးဖြတ်လိုက်သည်။ ဆူဒန်နိုင်ငံမှ ဂျန်ဂျာဝိဒ်လက်နက်ကိုင်ခေါင်းဆောင် Ali Muhammad Ali Abd-Al-Rahman သည် မုဒိမ်းမှု ၊ လူသတ်မှုနှင့် ဖိနှိပ်အနိုင်ကျင့်မှု အပါအဝင် လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု စွဲချက်ပေါင်း ၂၇ ခုတွင် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်၂၀ ကျော်က ဆူဒန်နိုင်ငံ ၊ ဒါဖာဒေသတွင် ၎င်းကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများအတွက် တရားရုံးက ယင်းသို့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်း၏ အပြစ်ဒဏ်ကိုမူ နောက်ထပ်ကြားနာမှုများ […]

ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဂျပန်နှင့် အမေရိကန် သုတေသီများ ပူးတွဲရ

Dawei Watch

October 6, 2025

၂၀၂၅ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဂျပန်သုတေသီတစ်ဦးနှင့် အမေရိကန်သုတေသီနှစ်ဦး ပူးတွဲရရှိသည်။ ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာသည့် ဆဲလ်များကို မထိခိုက်စေဘဲ အန္တရာယ်ရှိ ရောဂါပိုးများကို လူ့ကိုယ်ခံအားစနစ်က တိုက်ခိုက်ပုံကို တွေ့ရှိခဲ့မှုကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်းဖြစ်သည်။ ပူးတွဲဆုလက်ခံရရှိခဲ့သည့် သုတေသီသုံးဦးမှာ အမေရိကန်နိုင်ငံ၊ Institute for Systems Biology မှ အကြီးတန်း ပရိုဂရမ် မန်နေဂျာတစ်ဦးဖြစ်သူ အသက် ၆၄ နှစ်ရှိ Mary E Brunkow၊ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် Sonoma Biotherapeutics ကုမ္ပဏီအတွက် သိပ္ပံဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ အသက် ၆၄ နှစ်ရှိ Fred Ramsdell နှင့် ဂျပန်နိုင်ငံ၊ အိုဆာကာ တက္ကသိုလ်၊ Immunology Frontier Research Center […]

အစိုးရဖွဲ့ပြီး ၂၄ နာရီ မပြည့်မီ ပြင်သစ်ဝန်ကြီးချုပ်သစ် နုတ်ထွက်

Dawei Watch

October 6, 2025

ပြင်သစ်ဝန်ကြီးချုပ်သစ် ဆက်ဘက်စ်တီယန်လကော်နျူသည် ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။ ၎င်း၏ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ၂၄ နာရီမပြည့်မီမှာပင် ယင်းသို့ ရာထူးမှ နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အံ့အားသင့်စရာ ဆုံးဖြတ်ချက်ကြောင့် ဆက်ဘက်စ်တီဘန်လကော်နျူ၏ အစိုးရသည် ခေတ်သစ်ပြင်သစ်နိုင်ငံသမိုင်းတွင် သက်တမ်းအတိုတောင်းဆုံး အစိုးရအဖွဲ့များထဲမှတစ်ခု ဖြစ်လာသည်။ ဆက်ဘက်စ်တီယန်လကော်နျူသည် ဝန်ကြီးချုပ် ဖြစ်လာသည်မှာ တစ်လ မပြည့်သေးပေ။ ၎င်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်းကို ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် အတည်ပြုဖော်ပြထားသည်။ အလယ်အလတ်ဝါဒီများနှင့် ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒီများဖြင့် ဖွဲ့စည်းထားသည့် ၎င်း၏ အစိုးရဖွဲ့စည်းမှုနှင့် ပတ်သက်၍ နိုင်ငံရေးမတည်ငြိမ်မှုများ မြင့်တက်နေချိန် ဆက်ဘက်စ်တီယန်လကော်နျူသည် ဝန်ကြီးချုပ်ရာထူးမှ ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။ ယခုနှစ်ကုန်မတိုင်ခင် အစိုးရဘတ်ဂျက် အတည်မပြုနိုင်မည့်အရေး စိုးရိမ်မှုများ တိုးပွားလာနေချိန်တွင် […]

ဩစတြေးလျ – ပါပူဝါနယူးဂီနီ နှစ်နိုင်ငံ ကာကွယ်ရေးစာချုပ် လက်မှတ်ထိုး

Dawei Watch

October 6, 2025

ဩစတြေးလျဝန်ကြီးချုပ်နှင့် ပါပူဝါနယူးဂီနီဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ်တစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ အဆိုပါ သဘောတူစာချုပ်က နှစ်နိုင်ငံစစ်တပ်အကြား မကြုံစဖူး ပေါင်းစည်းမှုကို ဖြစ်ပေါ်စေမည်ဟု ဝန်ကြီးချုပ်နှစ်ဦးစလုံးက ပြောသည်။ ယင်းစာချုပ်မှာ ၁၉၅၁ ခုနှစ်က အမေရိကန် ၊ နယူးဇီလန်နှင့် ဩစတြေးလျအကြား ချုပ်ဆိုခဲ့သည့် ကာကွယ်ရေးစာချုပ်အပြင် ဩစတြေးလျ၏ နောက်ထပ်တစ်ခုတည်းသော ကာကွယ်ရေး မဟာမိတ်စာချုပ် ဖြစ်သည်။ ဩစတြေးလျ၏ အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုလိုနီနိုင်ငံဟောင်းလည်း ဖြစ်ခဲ့သည့် ပါပူဝါနယူးဂီနီအတွက် ယင်းစာချုပ်မှာ ပထမဆုံးသော နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူစာချုပ် ဖြစ်သည်။ နှစ်နိုင်ငံစလုံးမှ ပါလီမန်များက အတည်ပြုပြီးနောက်တွင် အဆိုပါ စာချုပ်မှာ စတင်အသက်ဝင်လာမည် ဖြစ်သည်။ မိမိ၏ အနီးဆုံး အိမ်နီးချင်းနိုင်ငံက မိမိ၏ မဟာမိတ်အသစ် […]

ရွှေစျေးစံချိန်တင် မြင့်တက်နေချိန် ထိုင်းတောင်ပိုင်း Big C စင်တာထဲက ရွှေဆိုင် ဓါးပြတိုက်ခံရ

Dawei Watch

October 6, 2025

ထိုင်းနိုင်ငံတောင်ပိုင်း နရတ်သီဝပ်ခရိုင် Big C ဈေးဝယ်စင်တာရှိ ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ထားသူများ ဝင်ရောက်လာပြီး ပစ်ခတ်ခြိမ်းခြောက်၍ ဓါးပြတိုက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီခွဲက Big C ဈေးဝယ်စင်တာတစ်ခုထဲသို့ အမည်မသိသူများက လက်နက်များနှင့်အတူ ဝင်လာပြီး ရွှေဆိုင်ကို လက်နက်ပြ ခြိမ်းခြောက်၍ ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။ ဓါးပြတိုက်သူ ၁၀ ဦးသည် အနက်ရောင် ဝတ်စုံနှင့်အတူ မျက်နှာဖုံးစွပ်များကိုလည်း ဝတ်ဆင်ထားကြောင်း CCTV မှတ်တမ်းများအရသိရသည်။ လက်နက်ကိုင်သူများက ရွှေဆိုင်ထဲ ဝင်လာပြီး ပစ်ခတ် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများကို ယူဆောင်ကာ အသင့်စောင့်ဆိုင်းနေသော ပစ်ကပ်ကားနှစ်စီးဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သတင်းများအရသိရသည်။ ၎င်းတို့ ထွက်ပြေးချိန်တွင် အနီးအနားတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် […]

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ပေါ်ပေါက်လာဖွယ်ရှိ

Dawei Watch

October 4, 2025

ဂျပန်နိုင်ငံတွင် လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) က စီးပွားရေးလုံခြုံမှုဆိုင်ရာ ဝန်ကြီးဟောင်း ဆနအဲတကအိချိအား ပါတီခေါင်းဆောင်သစ်အဖြစ် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ရွေးချယ်လိုက်သည်။ ကွန်ဆာဗေးတစ်ဝါဒီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ၏ ပထမဆုံး ပါတီခေါင်းဆောင် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းကြောင့် အသက် ၆၄ နှစ်ရှိ ဆနအဲတကအိချိသည် ကျားမတန်းတူညီမျှမှု နိမ့်ပါးသည့် ဂျပန်နိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ဆနအဲ တကအိချိသည် တရုတ်အပေါ် သဘောထားတင်းမာပြီး ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒီတစ်ဦး ဖြစ်သည်။ သူမသည် အမျိုးသားများ လွှမ်းမိုးထားသည့် အာဏာရ LDP ပါတီအတွင်း ကွန်ဆာဗေးတစ်ဝါဒီအဆန်ဆုံး ပါတီဝင်များထဲမှ တစ်ဦး ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာအား လေးစားသည့် တာကအိချိသည် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ လမ်းညွှန်မှုအောက်တွင် […]