ဘန်ကောက်နှင့် အနီးတဝိုက်တွင် ခွေးရူးပြန်ရောဂါ သတိထားကြရန် ကြေညာ
Dawei Watch
September 10, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတဝိုက်ခရိုင်များတွင် ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားနေသဖြင့် သတိပေးချက်များကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ကောက်ခရိုင်ရှိ နော်ဘွန်နှင့် ပရာဝတ်နယ်မြေများတွင် ခွေးရူးပြန်ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ သတိထားနေထိုင်ကြရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ခွေးရူးပြန် သတိပေးချက် ထုတ်ထားသော နေရာများမှာ ဘန်ကောက်ခရိုင်ထဲက အွန်နွတ်၊ ဖတ်ထနာကန်၊ ထပ်ချန့်၊ လတ်ကရာဘန်၊ ဘန်နား၊ ဘန်ချတ်၊ နွန်ဘွန်၊ ဒေါ့မိုင်နှင့် ပရာဝတ်နယ်မြေများ ပါဝင်သည်။ ဘန်ကောက်အနီး စမွတ်ပရကန်ခရိုင်တွင်မူ ဘန်ဖလီနယ်မြေကို ခွေးရူးပြန် သတိပေးချက် ထုတ်ထားသည်။ ခွေးရူးပြန်ရောဂါ သတိပေးချက် ထုတ်ပြန်ထားသော နယ်မြေများ၏ ငါးကီလိုမီတာဝန်းကျင်ကို ခွေးရူးပြန်ရောဂါ ကူးစက်မှု တိုက်ဖျက်ရေးဇုန်အဖြစ် သတ်မှတ်ကြောင်း […]


