အဏုမြူလက်နက်ပိုင် နိုင်ငံအဖြစ်သာ ဆက်ရပ်တည်မည်ဟု မြောက်ကိုရီးယားဆို
Dawei Watch
September 15, 2025အဏုမြူလက်နက်ပိုင် နိုင်ငံအဆင့်အတန်းမှ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။ မြောက်ကိုရီးယားအနေဖြင့် အဏုမြူလက်နက်ဖျက်သိမ်းရန် အမေရိကန်အစိုးရက တွန်းအားပေးပြောဆိုမှုများကို အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ကာ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။ “အဏုမြူလက်နက်ပိုင်နိုင်ငံတစ်ခုအနေနဲ့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)ရဲ့ အဆင့်အတန်းကို နိုင်ငံရဲ့ ဥပဒေတွေထဲမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်သလို ဒီအဆင့်အတန်းကနေ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)ဆိုသည်မှာ မြောက်ကိုရီးယား၏ တရားဝင်ဖော်ပြသောနာမည် ဖြစ်သည်။ အဏုမြူလက်နက်ဖျက်သိမ်းရန် အမေရိကန်၏ တွန်းအားပေးနေမှုများမှာ မိမိတို့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ “ရန်စသည့် လုပ်ရပ်” သာဖြစ်သည်ဟုလည်း မြောက်ကိုရီးယား […]


