နေတိုးနှင့် EU က ရုရှားပေါ် အမှန်တကယ်စစ်ကြေညာထားပြီးဖြစ်ဟု ရုရှားက ကုလတွင် စွပ်စွဲ
Dawei Watch
September 26, 2025နေတိုးနှင့် ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းကို အသုံးချကာ ရုရှားအပေါ် စစ်ပွဲဆင်နွှဲနေကြောင်း ရုရှားနိုင်ငံခြားဝန်ကြီးက ကုလသမဂ္ဂတွင် စက်တင်ဘာလ ၂၅ ရက်က ပြောကြားလိုက်သည်။ ယူကရိန်းအနေဖြင့် ၎င်းတို့ ဆုံးရှုံးထားသည့် ပိုင်နက်အားလုံးကို ပြန်ယူနိုင်မည်ဟု ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနှစ်ရက်အကြာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ၌ G-20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “နောက်ထပ်ရှင်းလင်းတဲ့ ဥပမာတစ်ခုကတော့ ယူကရိန်းမှာ ဖြစ်နေတဲ့ အကျပ်အတည်းဟာ အနောက်အုပ်စုရဲ့ လှုံ့ဆော် သွေးထိုးမှုကြောင့် ဖြစ်တယ်ဆိုတာပါပဲ။ နေတိုးနဲ့ ဥရောပသမဂ္ဂ (EU) ဟာ ကျွန်တော့်နိုင်ငံအပေါ် တကယ့်စစ်ပွဲတစ်ခု ကြေညာထားခဲ့ပြီးပါပြီ။ ဒီစစ်ပွဲမှာ သူတို့က တိုက်ရိုက်ပါဝင်နေကြတာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov […]


