ထိုင်ဝမ်အရေးအတွက် အမေရိကန်နဲ့ တရုတ် စစ်ဖြစ်တော့မလား
diz_admin
June 14, 2022ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက တရုတ်ကို သတိပေးလိုက်ပြီး သီတင်းပတ်တွေ ကြာသွားပြီးတဲ့နောက် တရုတ်အစိုးရဘက် ကလည်း အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြန် ကန့်ကွက်လိုက်ပါတယ်။ ပြီးတော့ ထိုင်ဝမ် လွတ်လပ်ရေးအတွက် လုပ်ဆောင်လာတာ မှန်သမျှတွေကို ချေမှုန်းပစ်မယ်လို့ ကြုံးဝါးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ တရုတ်ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်ဟီ က အမေရိကန်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီလိုလုပ်ရပ်တွေဟာ ထိုင်ဝမ်ကိစ္စ သူတို့ပေးထားတဲ့ ကတိကဝတ် တွေကို ချိုးဖောက်ပြီး တရုတ်အရေးကို ကြားဝင်စွက်ဖက်နေတာလို့ ပြောကြားပါသေးတယ်။ “ဒီမှာ ရှင်းရှင်းလင်းလင်း ပြောထားချင်တာက၊ ထိုင်ဝမ် ကို တရုတ်ကနေ ခွဲထွက်ဖို့ လုပ်ဆောင်မယ်ဆို တိုက်ခိုက် ဖို့အတွက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး။ အဆုံးအထိ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ […]


