ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 27, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

January 24, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထောင် ၁၄ နှစ် ချမှတ်ခံရ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခမ်းကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပါကစ္စတန် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပါတယ်။ သူ့ဇနီးကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။ သူ ဝန်ကြီးချုပ် တာဝန်ယူချိန်က လာဘ်စားမှုနဲ့ တရားရင်ဆိုင်နေရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။ ပြစ်ဒဏ်စီရင်ပြီး နောက်မှာတော့ ဇနီးဖြစ်သူကို တရားရုံး အချုပ်ဝင်းထဲကနေ အကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 24, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 23, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

သမ္မတဖြစ်ပြီး တစ်ရက်အကြာတွင် ထရမ့်ကို ပြည်နယ်ရှေ့နေချုပ် ၂၂ ဦးကတရားစွဲ

Dawei Watch

January 22, 2025

မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်လိုက်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်အပေါ် အမေရိကန်ရှိ ပြည်နယ် ၂၂ ခုမှ ပြည်နယ်ရှေ့နေချုပ်များက အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်သည်။ ရွှေ့ပြောင်းအခြေချ နေထိုင်သူမိဘများမှ မွေးဖွာလာသူများ အပါအဝင် နိုင်ငံ့နယ်နိမိတ်အတွင်း မွေးဖွားသူအားလုံးကို အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၁၄ အရ နိုင်ငံသားဖြစ်ခွင့် အလိုအလျောက်ပေးထားသည်။ သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်အတိုင်း ယင်းမူဝါဒကို တနင်္လာနေ့တွင် သမ္မတအမိန့်အာဏာဖြင့် ပယ်ဖျက်လိုက်သည်။ “အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၄ ကို သမ္မတက ဖောင်တိန်တစ်ခြစ်စာနဲ့ ရေးဖျက်ပစ်လို့ မရဘူး”ဟု နယူးဂျာစီပြည်နယ်ရှေ့နေချုပ် မတ်ပလတ်ကင်က ပြောသည်။ ယင်းသို့ တရားစွဲဆိုမှုသည် လက်ဝဲယိမ်းခုခံတော်လှန်မှုမှ ဆန့်ထွက်လာသည့် သဘောတစ်ခုသာ ဖြစ်၍ တရားရုံးတွင် ရင်ဆိုင်ရန် အသင့်ရှိကြောင်း အိမ်ဖြူတော်က ဆိုသည်။ “ရက်ဒီကယ်လက်ဝဲယိမ်းသမားတွေအနေနဲ့ ပြည်သူအများစုရဲ့ […]

အမေရိကတွင် တရားမဝင်နေထိုင်သူများကို ဘုရားကျောင်းနှင့် စာသင်ကျောင်းများတွင်ပါ ဝင်ရောက်ဖမ်းဆီးရန်ခွင့်ပြု

Dawei Watch

January 22, 2025

အမိမြေလုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည့် မူဝါဒအသစ်အရ အမေရိကန်စာသင်ကျောင်းများ ၊ ဘုရားကျောင်းများရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဝင်ရောက်ဖမ်းဆီးခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် စာသင်ကျောင်းများ ၊ ဆေးရုံဆေးခန်းများ ၊ ဘုရားကျောင်းများ အစရှိသည့် အထိအခိုက်မခံနိုင်သည့် နေရာများတွင် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးနိုင်မှုကို တားမြစ်ထားသည်။ ၂၀၁၁ ခုနှစ်ကတည်းက ပြဌာန်းထားသည့် မူဝါဒအရ ယင်းသို့ တားမြစ်ထားခြင်း ဖြစ်သော်လည်း ယင်းမူဝါဒကို အင်္ဂါနေ့တွင် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်သဖြင့် ဖမ်းဆီးခွင့်ရသွားခြင်းဖြစ်သည်။ အဆိုပါနေရာများ၌ ဖမ်းဆီးမှုများ လုပ်ဆောင်ရာတွင် လက်တွေ့ကျကျ အခြေခံအရပ်သားအသိဖြင့် စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်ထားသူများအနေဖြင့် စာသင်ကျောင်းများ ၊ ဘုရားကျောင်းများတွင် ပုန်းခိုနေထိုင်နိုင်တော့မည်မဟုတ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။ သမ္မတထရမ့်တက်လာပြီးနောက် အမေရိကန်နိုင်ငံတလွှားရှိ ရွှေ့ပြောင်းနေထိုင်သူ အများအပြား […]

သမ္မတဘဝ ပထမဆုံးနေ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်များ

Dawei Watch

January 21, 2025

အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် စတင်တာဝန်ထမ်းဆောင်တဲ့ တနင်္လာနေ့မှာပဲ သမ္မတအမိန့်အာဏာတွေ တသီကြီး လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှ အရေးပါအထင်ရှားဆုံးဆုံးဖြတ်ချက်အမိန့်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထရမ့်အစိုးရအဖွဲ့သစ်ရဲ့ အရေးပါတဲ့ ဇာတ်ကောင်အချို့

Dawei Watch

January 20, 2025

ဒီနေ့(ဇန်နဝါရီ ၂၀)မှာ ထရမ့်ဟာ သူ့ရဲ့ သမ္မတဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ သမ္မတအဖြစ် ပထမဆုံးစတင်တာဝန်ယူတဲ့နေ့မှာပဲ အပြောင်းအလဲ ကြီးကြီးမားမားတွေကို ဖော်ဆောင်သွားမယ်လို့ ထရမ့်က ပြောထားပါတယ်။ သူ့ရဲ့ ဒုတိယသက်တမ်းအတွက် ထရမ့်ရွေးချယ်ထားတဲ့ နိုင်ငံအတွက် အရေးပါဆုံးသူအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတစ်ယောက်ချင်းစီက ထရမ့်ရဲ့ မူဝါဒတွေကို မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်အထည်ဖော်ကြမှာပါ။ ဒါပေမဲ့ သူတို့ အားလုံးမှာ တူညီတာတစ်ခုကတော့ နိုင်ငံ့ဥသျှောင်သမ္မတဖြစ်သူကို သစ္စာခံတာပါပဲ။ ဒါကိုပဲ ကြည့်ပြီး ထရမ့်က ရွေးချယ်ထားတာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးမှာ သဘောထားတင်းမာသူ ၊ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်ဆန့်ကျင်သူ ၊ ၊ အစိုးရစွမ်းဆောင်ရည်ကဏ္ဍမှာ အသုံးစရိတ်အဆမတန် လျှော့ချမယ့်သူ ၊ စီးပွားရေးကဏ္ဍမှာ အခွန်စည်းကြပ်မယ့်သူတွေကို ရွေးချယ်ခန့်အပ်ထားတာ တွေ့ရပါတယ်။