သာသနာ့နွယ်ဝင်များပင် အပြာကားကြည့်နေသဖြင့် စိုးရိမ်စရာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြား
diz_admin
October 27, 2022ဘုန်းတော်ကြီးများ၊ သီလရှင်များပင် အွန်လိုင်းမှ အပြာကားများ ကြည့်နေကြသဖြင့် သိက္ခာပုဒ်များ ညှိုးနွမ်းကြောင်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြု သတိပေးလိုက်သည်။ အသက် ၈၆ နှစ်ရှိပြီဖြစ်သော ပုပ်ရဟန်းမင်းကြီးက ဒစ်ဂျစ်တယ်နှင့် လူမှုကွန်ရက်မီဒီယာကို မည်သို့ အသုံးပြုသင့်ကြောင်း မေးခွန်းတစ်ခုကို ဗာတီကန်ကျောင်းတော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အပြာကားများသည် လူအတော်များများတွင် ရှိသည့် အကုသိုလ်လုပ်ရပ်ဖြစ်ကာ ဘုန်းတော်ကြီးများ သီလရှင်များပင် ကြည့်ကြကြောင်း ကက်သလစ်သာသနာပိုင်ချုပ်က မှတ်ချက်ပြုသည်။ “မိစ္ဆာမကောင်းဆိုးရွားက အဲဒီကနေ ဝင်လာတာပဲ” ဟု ပုပ်ရဟန်းမင်းကြီးက ဘုန်းတော်ကြီးများ စာသင်သားများကို ပြောကြားခဲ့သည်။ လူမှုကွန်ရက်မီဒီယာကို အသုံးပြုသင့်သော်လည်း အချိန်များစွာ ထိုနေရာပေါ်တွင် မဖြုန်းပစ်သင့်ကြောင်း မှတ်ချက်ပြုသွားသည်။ “ယေရှုကိုယ်တော်ကို နေ့စဉ်လက်ခံထားတဲ့ ဖြူစင်သော နှလုံးသားဟာ အပြာနဲ့ပတ်သက်တာတွေကို လက်မခံနိုင်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။ “ဖုန်းထဲမှာရှိရင် ဖျက်လိုက်ကြပါ။ ဒါမှ […]