BREAKING
October 19, 2025

နိုင်ငံတကာသတင်း

ထိုင်း ttb ဘဏ်က မြန်မာများ၏ Mobile Banking ကို တစ်နေ့ ဘတ် ၅၀၀၀ အထိသာ သုံးခွင့်ပြုမည်

Dawei Watch

September 4, 2025

ထိုင်းနိုင်ငံရှိ ttb ဘဏ် (TMBThanachart Bank) က မြန်မာနိုင်ငံသားများ၏ Mobile Banking အကောင့်များကို လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နေ့စဉ်အသုံးပြုငွေ ဘတ် ၅၀၀၀ အထိသာ ခွင့်ပြုတော့မည်ဟု အကြောင်းကြားထားကြောင်း ttb ဘဏ်သုံးစွဲသူ မြန်မာနိုင်ငံသားများထံမှ သိရသည်။ လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ဖုန်းမှတစ်ဆင့် ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုအားလုံးကို တစ်နေ့ ဘတ် ၅၀၀၀ အထိသာ ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း ttb ဘဏ်က စက်တက်ဘာလ ၂ ရက်နေ့က Mobile Banking Application မှတစ်ဆင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။ ထို့ကြောင့် ttb ဘဏ်အသုံးပြုသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံထဲတွင် […]

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်ကြောင်း ထရမ့်ပြော

Dawei Watch

September 4, 2025

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များကို တိုးမြှင့်ချထားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ကွန်ဆာဗေးတစ် လက်ယာယိမ်း ပိုလန်သမ္မတ Karol Nawrocki နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်အတွင်း ထရမ့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် ပိုလန်နှင့် အင်မတန် ခိုင်မာသည့် ဆက်ဆံရေးရှိကြောင်း ထရမ့်က ပြောကာ ပိုလန်၏ လုံခြုံရေးအတွက် ၎င်းက အာမခံပြောဆိုခဲ့သည်။ အမေရိကန်တပ်ဖွဲ့များကို ပိုလန်တွင် ဆက်လက်ထားရှိမည်လား ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က “သူတို့ ဆန္ဒရှိရင် ကျွန်တော်တို့ နောက်ထပ်တပ်ဖွဲ့တွေ ပိုချထားပေးမှာပါ” ဟု ဖြေကြားခဲ့သည်။ ၎င်းနှင့် ထရမ့်တို့အကြား ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ အရေအတွက် တိုးမြှင့်ချထားရေးကို ဆွေးနွေးခဲ့ကြောင်း ထရမ့်နှင့် တွေ့ဆုံမှုအပြီးတွင် […]

လွှတ်တော်ဖျက်သိမ်းရေး ထိုင်းဘုရင့်ကောင်စီလက်မခံ၊ အနုထင် ချန်ဝီရကူ ဝန်ကြီးချုပ်အသစ်ဖြစ်လာမည်

Dawei Watch

September 3, 2025

ယာယီဝန်ကြီးချုပ် Phumtham Wechayachai က တင်သွင်းထားသော ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပေးရေးအဆိုကို ဘုရင့်အတိုင်ပင်ခံကောင်စီက ပယ်ချလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လွှတ်တော်ကို ဖျက်သိမ်းပေးရန် စက်တင်ဘာလ ၂ ရက်က ထိုင်းဘုရင်ထံ စာပို့ တင်သွင်းခဲ့သောအဆိုကို ဘုရင့်အတိုင်ပင်ခံကောင်စီရုံးက ပယ်ချခဲ့ခြင်းဖြစ်ပြီး အစိုးရရုံးအဖွဲ့သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ယာယီအစိုးရအနေဖြင့် လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ထံ တင်သွင်းခွင့် အာဏာမရှိကြောင်း ထိုင်းနိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူးက ပြောသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်ထဲ မဲပေးရွေးချယ်ရန်ရှိနေပြီး Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ (Anutin Charnveerakul) က ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မည်ဖြစ်သည်။ အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က တောင်းဆိုချက် […]

ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေပေါ်က လူ ၁၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ထရမ့်ပြော

Dawei Watch

September 3, 2025

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယရှိသည့် ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လှေပေါ်ပါလာသည့် လူ ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂ ရက်တွင် ပြောဆိုသည်။ ယင်းမှာ ကာရစ်ဘီယန် ပင်လယ်တောင်ပိုင်းသို့ ထရမ့်အစိုးရက အမေရိကန်စစ်သင်္ဘာများ တပ်ဖြန့်စေလွှတ်လိုက်ပြီးနောက် ပထမဆုံး သတင်းထွက်ပေါ်လာသည့် စစ်ဆင်ရေးလည်း ဖြစ်သည်။ “ပြီးခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ လှေတစ်စီးကို ကျွန်တော်တို့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပြီ။ မူးယစ်ဆေးသယ်တဲ့ လှေတစ်စီးပါ။ အဲဒီလှေထဲမှာ မူးယစ်ဆေးတွေ အများကြီး ပါလာတယ်” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒါတွေ လာခဲ့တဲ့ နေရာကနေ ဒီလိုမျိုး နောက်ထပ်အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ အများကြီး လှိမ့်ဝင်နေတယ်။ အဲလို ဖြစ်နေတာ […]

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ်ကြေညာ

Dawei Watch

September 3, 2025

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ယနေ့ စက်တင်ဘာ ၃ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကြေညာလိုက်သည်။ လွှတ်တော်ကို ဖျက်သိမ်းပေးရန်အတွက် စက်တင်ဘာလ ၂ ရက်ကတည်းက ထိုင်းဘုရင်ထံ စာပို့ တင်ပြထားပြီး ဖြစ်ကြောင်း ဆိုသည်။ အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီက လက်ရှိအာဏာရ Pheu Thai ပါတီကို မဟုတ်ဘဲ Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ထိုင်းဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်မည်ဟု ကြေညာပြီးနောက်ပိုင်း ယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ကြေညာလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးမည်ဟု သဘောတူထားခြင်းဖြစ်သည်။ သဘောတူချက်များတွင် လေးလအတွင်း […]

အာဖဂန်နစ္စတန် ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၉၀၀ ရှိလာ

Dawei Watch

September 2, 2025

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် တနင်္ဂနွေနေ့ ညပိုင်းက မဂ္ဂနီကျု ၆.၀ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၉၀၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ကူနားပြည်နယ်ရှိ ကျေးရွာတော်တော်များများမှာ မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီဟု Al Jazeera သတင်းတွင် ဖော်ပြသည်။ ကားလမ်းများနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် ကယ်ဆယ်ရေးလုပ်သားများမှာ ငလျင်ဒဏ်သင့် ဝေးလံခေါင်ဖျားသည့် တောင်တန်းဒေသများသို့ သွားရောက်နိုင်ရန် ရုန်းကန်ရလျက် ရှိကြောင်း သိရသည်။ ငလျင်မှာ တနင်္ဂနွေနေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ၄၇ မိနစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟောပြည်နယ် ၊ ဂျလဲလာဘတ်မြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ […]

အာဖဂန်နစ္စတန်တွင် အင်အားပြင်းငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရ

Dawei Watch

September 1, 2025

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် တနင်္ဂနွေနေ့ ညပိုင်းက မဂ္ဂနီကျု ၆.၀ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆၂၂ ဦး သေဆုံးခဲ့ကြောင်း တာလီဘန်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရသိရသည်။ ငလျင်ဒဏ်ကြောင့် ကျေးရွာအမြောက်အများ ပျက်စီးခဲ့ကာ လူပေါင်း ၁၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ငလျင်မှာ တနင်္ဂနွေနေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ၄၇ မိနစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟောပြည်နယ် ၊ ဂျလဲလာဘတ်မြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင် ခန့်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ငလျင်ဒဏ်သင့် နယ်မြေများသို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေရာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 29, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၂၃ မှ ၂၉ ရက်အထိ မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ် မက္ကဆီကိုနိုင်ငံ အထက်လွှတ်တော်မှာ ပါတီခေါင်းဆောင်နဲ့ လွှတ်တော် ဥက္ကဌနှစ်ဦး ဩဂုတ် ၂၇ ရက်က ထိုးကြိတ်ရန်ဖြစ်မှု ဖြစ်ခဲ့ပါတယ်။  နိုင်ငံထဲ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိတာနဲ့ပတ်သက်ပြီး စကားစစ်ထိုးပွဲ အပြီးမှာ ထိုးကြိတ်ရန်ဖြစ်ခဲ့တာပါ။ နိုင်ငံတော်သီချင်း သီဆိုနေချိန် အတိုက်အခံပါတီဖြစ်တဲ့ တော်လှန်ရေးပါတီ (PRI) ရဲ့ ခေါင်းဆောင် အာလက်ဟန်းဒရိုး မိုရေနို (Alejandro Moreno) ဟာ လက်ရှိအာဏာရ မိုရီနာပါတီရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျရတ်ဒို ဖာနန်ဒက်ဇ် နိုရိုနာ (Gerardo Fernández Noroña) ဆီကို လာရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ […]