တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
July 28, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကမ္ဘာ့အပူချိန် အမြင့်ဆုံးရောက်နေပြီဟု ကုလသမဂ္ဂဆို ကမ္ဘာကြီး ပူနွေးလာနေတယ်ဆိုတဲ့ ခေတ်က မရှိတော့ဘဲ တစ်ကမ္ဘာလုံး ဆူပွက်နေအောင် အပူချိန်မြင့်မားတဲ့ခေတ်ကို ရောက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုလိုက်ပါတယ်။ ဒါကို ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်တဲ့ နယူးယောက်က ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ ထုန်ပြန်ချက်အရ အခု ဇူလိုင်လက မှတ်တမ်းတင်ဖူးသမျှထဲမှာ အပူဆုံးလ ဖြစ်နေခဲ့ပါတယ်။ ဇူလိုင်လဟာ မှတ်တမ်းတင်ဖူးသမျှထဲ အပူဆုံး ၃ ပတ်ကြာ ကာလကို ဖြတ်ကျော်ခဲ့ပြီး စံချိန်တင် အပူဆုံး ၃ရက်လဲ ပါနေခဲ့ပါတယ်။ […]


