ပါရာဂွေးခရီးစဉ်အတွင်း ထိုင်ဝမ်ဒုသမ္မတ အမေရိကတွင် တစ်ထောက်နားမှုအပေါ် တရုတ်အစိုးရ ရှုတ်ချ
Dawei Watch
August 14, 2023ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင်သည် ဩဂုတ်လ ၁၂ ရက်နေ့တွင်စတင်သည့် ပါရာဂွေးနိုင်ငံ ခရီးစဉ်ထွက်ခွာရာ လမ်းကြောင်းတွင် အမေရိက၌ ခေတ္တရပ်နားမည် ဖြစ်သည်။ အဆိုပါ အခြေအနေကို အကဲဆတ်သော ခရီးစဉ်အဖြစ် တရုတ်အစိုးရက ရှုတ်ချထားကာ ထိုင်ဝမ်ကျွန်းတဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးပြလှုပ်ရှားမှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာမည် ကို ထိုင်ဝမ်အရာရှိများက စိုးရိမ်ပူပန်နေကြသည်။ ဒုသမ္မတ ဝီလျံလိုင် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပသွားမည့် ထိုင်ဝမ် ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာရန် တစ်ပြေးနေသူ လည်း ဖြစ်သည်။ ပါရာဂွေး ၏ သမ္မတသစ် အဖြစ် မစ္စတာ ဆန်တီယာဂို ပီနာ ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ပါရာဂွေးနိုင်ငံသို့ ယခုလို သွားရောက်ခြင်း ဖြစ်သည်။ ထိုင်ဝမ်နှင့်အမေရိကန်တို့၏ သက်ဆိုင်ရာ အစိုးရများကမူ လေယာဉ်ခရီးစဉ်တွင်း ယင်းကဲ့သို့ […]


