အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မနက်ဖြန် အစ္စရေးသွားမည်
Dawei Watch
October 17, 2023အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များကို တွေ့ဆုံရန်အတွက် မနက်ဖြန် (အောက်တိုဘာ ၁၈) တွင် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ဂါဇာဒေသတွင် လူသားချင်းစာနာမှုအခြေအနေများ သေရေးရှင်ရေး ပြင်းထန်လာချိန်၊ အစ္စရေးကလည်း မြေပြင်ထိုးစစ်ပြင်ဆင်နေချိန်တွင် အမေရိကန်က အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသရန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်က ကြေညာခဲ့သည်။ ထိုကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ်အပါအဝင် အရာရှိများနှင့် ၇ နာရီကျော်အကြာ စကားပြောဆိုပြီးနောက် သမ္မတဂျိုးဘိုင်ဒင်၏ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “အစ္စရေးအတွက်ရော ဒေသအတွက်ရော ကမ္ဘာကြီးအတွက်ရော အကျပ်အတည်းတွေ ရှိနေချိန်မှာ သူဒီကိုလာမယ်” ဟု ဘလင်ကန်က ပြောကြားခဲ့သည်။ နောက် ဂျော်ဒန်နိုင်ငံသို့ သွားကာ ဘုရင် Abdullah II ၊ […]


