ထားဝယ်တွင် ဆိုင်ကယ်ရှေ့နောက် နံပါတ်ပြားမတပ်ပါကဖမ်းမည်ဟုဆို၍ တပ်ဆင်သူများနေ
Dawei Watch
June 21, 2025ထားဝယ်တွင် ဆိုင်ကယ်၏ အရှေ့နှင့်အနောက်ဘက်တွင် နံပါတ်ပြားမတပ်ပါက စစ်ဆေးဖမ်းဆီးနေသည်ဆိုသော သတင်းကြောင့် တပ်ဆင်သူများပြားနေကြောင်း စုံစမ်းသိရှိရသည်။ မြို့ခံတစ်ဦးက Facebook လူမူကွန်ရက်ပေါ်တွင် လိုင်စင်အပြည့်အစုံပါသော်လည်း ဆိုင်ကယ်ရှေ့နောက် နံပါတ်ပြားမတပ်ထားသဖြင့် အဖမ်းခံရကြောင်း ပို့စ်တင်ပြီးနောက် ထိုကဲ့သို့ တပ်ဆင်သူများလာခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောဆိုသည်။ ထားဝယ်တွင် ဆိုင်ကယ်များမှာ နံပါတ်ပြား တစ်ခုသာ တပ်ဆင်ထားကြပြီး ကညနရုံးကလည်း ဖောင်းကြွနံပါတ်ပြား တစ်ခုသာထုတ်ပေးသဖြင့် အရှေ့၊အနောက် တပ်ဆင်လေ့မရှိပေ။ Dawei Watch အနေဖြင့် ဆိုင်ကယ်လိုင်စင်လုပ်ပေးနေသည့် ပွဲစားအချို့နှင့် ထားဝယ်မြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတို့ထံ ဆက်သွယ်မေးမြန်းရာတွင်မူ နံပါတ်ပြားရှေ့နောက် မတပ်ဆင်ပါက အရေးယူရန် ညွှန်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။ “အဲဒါလူတွေ သက်သက်အွန်လိုင်းပေါ် လျှောက်ဖွနေတာပါ။ ဘာမှဖမ်းဖို့ ညွှန်ကြားထားတာမရှိဘူး။ ကညန ကလည်း မညွှန်ကြားဘူး။ ယာဉ်ထိန်းရုံးကလည်း ညွှန်ကြားထားတာမရှိဘူး” ဟု ကညနရုံးနှင့်နီးစပ်သည့် […]


