ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စစ်အုပ်စု ရွေးကောက်ပွဲအကြိုနေ့ ထားဝယ်မြို့ပေါ် လုံခြုံရေးတင်းကျပ်

Dawei Watch

December 27, 2025

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအကြိုနေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ အတွင်းအပြင်ကို လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ ခံချို့က ပြောသည်။ မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့မတိုင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်လမ်းကြားများပါမကျန် လုံခြုံရေးများ ချထားကြောင်း မြို့ခံအချို့က ဆိုသည်။ “မနက်အစောကြီး မြို့ထဲက လမ်းဆုံ၊ လမ်းခွတွေရော၊ လမ်းကြားတွေထဲပါ စစ်တပ်က စောင့်နေကြတယ်။ လမ်းသွား၊ လမ်းလာတွေကိုတော့ စစ်ဆေးတာမရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ထားဝယ်မြို့ပေါ် နေရာအနှံ့တွင် လက်နက်အပြည့်အစုံဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည့်အပြင် ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ပျူစောထီးများပါတွေ့ရကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ […]

ပဋိပက္ခများစွာဖြင့် ထားဝယ်တောင်ပိုင်းက ရွေးကောက်ပွဲ အကြိုနေ့

Dawei Watch

December 27, 2025

စစ်ကော်မရှင်ကလုပ်သည့် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းသာလိုတော့သော်လည်း ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည့် ထားဝယ်မြို့နယ်တွင်တော့ ပဋိပက္ခများစွာဖြင့် ရှုပ်ထွေးနေဆဲအခြေအနေ ဖြစ်နေသည်။ စစ်အာဏာရှင်တပ်များ အင်အားတိုးချထားသည်များရှိသလို လက်နက်ကြီးပစ်ခတ်မှုများ၊ ရွာချင်းဆက်တံတားများ မီးရှို့ဖျက်စီးမှုများ၊ သွားလာခွင့် ပိတ်ပင်တားမြစ်မှုများကို စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေသည်။ ကင်းပုန်းချထားသော စစ်အာဏာရှင်တပ်သားများကို နေရာအတော်များများတွင် မြင်တွေ့ရသလို ကောလာဟလ သတင်းမျိုးစုံလည်း ပျံ့နှံ့နေသဖြင့် ပြည်သူလူထုမှာ ကြောက်ရွံ့မှုများဖြင့် အခြေအနေ စောင့်ကြည့်နေကြကြောင်း တွေ့ရသည်။ ခရစ္စမတ်နေ့ ဒီဇင်ဘာလ 25 ရက် ကတည်းကစ၍ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား မှ ရွှေဂူတံတားအကြားရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်သားများက တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့အနီး ရွေးကောက်ပွဲမကျင်းနိုင်သည့် ရှမ္မတွင်းရွာဘက်သို့ ပေါက်တိုင်းတံတားဘက်မှ ခရစ္စမတ်ညက လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးကျရောက်ပေါက်ကွဲကာ အသက်ငါးဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ အသက် […]

မလုံခြုံမှုကြောင့် ထားဝယ်ဒေသတွင် လုပ်သားရှာရခက်

Dawei Watch

December 26, 2025

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားလာပြီး လုပ်ခ တိုးမြှင့်ပေးခေါ်သော်လည်း ငှားရမ်းရခက်လာကြောင်း လုပ်ငန်းရှင်များနှင့် တောင်သူများက ပြောသည်။ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်း စုဆောင်းခြင်း စသည်တို့ကြောင့် လူငယ်၊ လူလတ်ပိုင်းများ နေရပ်စွန့်ခွာမှု တိုးလာသဖြင့် အလုပ်သမား ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “နေ့စားခ ပိုပေးတာတောင် အလုပ်သမားက ရှားတယ်” ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ကွမ်းခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဝကုန်းရွာဘက်တွင် ကွမ်းသီးခွဲ၊ ကွမ်းသီးလှန်းသည့် အမျိုးသမီးတစ်ဦးလျှင် တစ်ရက်လုပ်ခ ကျပ်နှစ်သောင်းခွဲ၊ အမျိုးသား တစ်ဦးလျှင် သုံးသောင်းမှ လေးသောင်းအထိ ပေးရပြီး တောထွင်ခ (တောရှင်းခ) ဆိုလျှင် တစ်ရက် ခြောက်သောင်းခွဲ၊ ကွမ်းသီးထမ်းခ တစ်ရက် ကျပ်လေးသောင်း ပေးရကြောင်း […]

ရေဖြူ သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ စခန်းစွန့်ထွက်ပြေး

Dawei Watch

December 26, 2025

ရေဖြူမြို့နယ် ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားရှိ ကားလမ်းမ၏အရှေ့ဘက်နှစ်ဖာလုံခန့်အကွာတွင် ဖြစ်ပွားခဲ့သည့် သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများက စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်တွင် သန်းကုန်း(မိုးကုတ်ဝိပဿာနာ)ရိပ်သာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စစ်အာဏာရှင်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်များက ပူးပေါင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ထိုတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖက်က ၆ ဦးသေဆုံးကာ စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ “(စစ်အာဏာရှင်တပ်သား) အလောင်း ၆ လောင်း ရပါတယ်။ ထိခိုက်သေဆုံးမှုတော့ များလိမ့်မယ်။ စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိတာရှိပါတယ်။ နောက် ထုတ်ပြန်ပေးပါ့မယ်ခင်ဗျား။ ရန်သူတွေကတော့ စခန်းစွန့် ထွက်ပြေးသွားကြတာပါ “ ဟု အထက်ပါတာဝန်ရှိသူက ဆိုသည် ။ အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်များက လက်နက်ကြီးများ၊ […]

ကမြောကင်းတံတားဂိတ်ကို ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

December 26, 2025

ထားဝယ်မြို့ အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အသက် ၂၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၅ ရက် ညသန်းခေါင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ဗုံးမှာ တံတားဂိတ်ဧရိယာရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရကာ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ ခြေသလုံးမှာ ဒဏ်ရာရတယ်။ အခုထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်” ဟု ၎င်းက ဆိုသည်။ ကမြောကင်းတံတားဂိတ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဗုံးချတိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။ ဒရုန်း ဗုံးစ ထိမှန်ခဲ့သည့် နေအိမ်မှာ လွန်ခဲ့သည့် နှစ် […]

တောင်ပျောက်တိုက်နယ်အတွင်းရှိ PDF စခန်းကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

December 26, 2025

တောင်ပျောက်တိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်-PDF စခန်းတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့ထံက သိရသည်။ ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် PDF စခန်း ရုံးစိုက်ရာနေရာကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က အတည်ပြုပြောဆိုသည်။ “တစ်လုံးက ပေါင်နှစ်ရာလား ငါးရာလားမသိသေးဘူး၊ စိစစ်နေတုန်းပဲ၊ လူထိခိုက်မှုရှိတယ်၊ ဒဏ်ရာရသူရှိတယ်လို့ကြားတယ်” ဟု ၎င်းကဆိုသည်။ ကနဦးစုံစမ်းမေးမြန်းချက်အရ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးမှ လေးဦးခန့်ရှိပြီး သေဆုံးသူမရှိဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်သဖြင့် PDF တပ်ရင်းတပ်ဖွဲ့များကို ဖိအားပေးသည့်အနေဖြင့်င့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က သုံးသပ်သည်။ လေယာဉ်ဗုံးကြဲမှုတွင် လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း […]

ယခုနှစ်ပွင့်လင်းရာသီအစ ရော်ဘာအထွက်နည်းသည့်အပြင် စျေးကျနေ

Dawei Watch

December 25, 2025

ယခုနှစ် ပွင့်လင်းရာသီအစ၌ မွန်နှင့်ထားဝယ်ဒေသတွင် ရော်ဘာအထွက်နှုန်းနည်းသည့်အပြင် ရော်ဘာစျေးလည်းကျဆင်းနေကြောင်း တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ” အထွက်နှုန်းနည်းတယ် ။ ခုလပိုင်းတွေက (ရော်ဘာအစေး) ပိုရမယ့်အချိန်ကို ထင်သလောက်မရဘူး ။ ဒီလတွေပဲ အစေး ကအထွက်အားကောင်းတာ ။ အခုကဒီလတွေတောင်မထွက်တော့ဘူး ။ အရင်က ၄၀(ရော်ဘာအပြား) ထွက်တဲ့ခြံကအခု ၂၀ ကျော်ပဲထွက်တယ်” ဟု ထားဝယ်ဒေသခံရော်ဘာခြံရှင်တစ်ဦးကပြောသည် ။ ရော်ဘာကို မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီအစ နိုဝင်ဘာလခန့်မှစ၍ မေလလောက်အထိ အစေးခြစ်ကြပြီး အအေးပိုသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် အစေးပိုထွက်လေ့ရှိကြောင်း ရော်ဘာခြစ်တောင်သူများကဆိုသည် ။ ” အရင်က (ရော်ဘာပြား) သုံးပြား လောက်ထွက်တဲ့အပင်က နှစ်ပြားသာသာလောက်ပဲ ထွက်တော့တာမျိုး ။ ကော်ချီးပြန်ထုတ်တာနဲ့ဆို သိပ်မကျန်ဘူး ။ […]

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

Dawei Watch

December 24, 2025

ထားဝယ်မြို့နယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးကော်မတီက မြို့တွင်းလိုက်လံကြေညာသည်။ မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအတွင်းထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခရစ္စမတ်နေ့တွင် ခတ္တပယ်ဖျက်ထားသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ပြီးခဲ့သည့် ထားဝယ်တန်ဆောင်နှင့် ဒီဇင်ဘာလ ၁၉ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တို့တွင်လည်း ထားဝယ်မြို့တွင် ညမထွက်ရက်အမိန့်ကို ရုပ်သိမ်းကာ စစ်ကော်မရှင်က ပျော်ပွဲရွှင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့ ညမထွက်ရအမိန့် ရုပ်သိမ်းထားချိန် ယင်းနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များ ဖြစ်သည့် အိမ်ရှေ့ ပြင်၊ ပေါက်တိုင်းနှင့် ကမြောကင်းတံတားဂိတ်တို့ တွင် […]