မောင်မယ်ရှောင်ရွာအနီးတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်
Dawei Watch
July 25, 2025ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစု များထံမှသိရသည်။ ဇဟာရွာဘက်မှ မောင်မယ်ရှောင်ရွာဘက်သို့ မြေတင်ကားဖြင့် လာသည့် အင်အားတစ်ရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တစ်ကြိမ်၊ ရေဖြူမြို့နယ် ဇီးကျရွာဘက်မှ ညင်းထွေးရွာဘက်သို့ အိမ်စီးကားဖြင့်လာသည့် စစ်ကောင်စီတပ်သားများနှင့် တစ်ကြိမ်၊ ကျောက်ဆိပ်ကုန်းရွာဘက်မှ မောင်မယ်ရှောင်ရွာဘက်သို့ ကားဖြင့်လာသည့် အင်အားတစ်ရာဝန်းကျင်ပါ စစ်ကြောင်းနှင့် တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဖြစ်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၂၃ ရက်တွင် နေ့လယ်၁၂ နာရီဝန်းကျင် မှ ညနေ ၆ နာရီခန့် အထိ ၆ နာရီကြာတိုက်ပွဲ ဖြစ်ခဲ့ပြီး ရေး-ထားဝယ် […]


