ဆေးရုံတွင် သေဆုံးသည့် ရုပ်အလောင်း အခမဲ့သယ်ပေးမည်
diz_admin
July 20, 2020ဆေးရုံတွင် သေဆုံးသွားသည့် ရုပ်အလောင်းများကို နေအိမ်သို့ ပြန်လည်သယ်ယူပါက အခမဲ့သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ထားဝယ်မြို့အခြေစိုက် ဦးတေဇဝံသဖောင်ဒေးရှင်း၏ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့မှ ဦးအောင်မြင့်က ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို နိဗ္ဗာန်ယာဉ်ပုံသဏ္ဌာန်မဟုတ်သည့် ရိုးရိုးယာဉ်ဖြင့် ထားဝယ်ခရိုင်အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထားဝယ်ပြည်သူ့ဆေးရုံကြီးအပြင် အခြားပုဂ္ဂလိကဆေးရုံတွင် သေဆုံးသည့် ရုပ်အလောင်းသယ်ပေးရန် အကူအညီတောင်းခံပါကလည်း ကူညီမည်ဖြစ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။ “ဆေးရုံက သေပြီးဆင်းတဲ့သူအတွက် အင်မတန်ခက်ခဲတယ်။ ကားငှားပြီးသွားရရင် သုံးသောင်းတန်တဲ့ နေရာတစ်ခုကို ခြောက်သောင်းဖြစ်သွားတယ်။ Dead Body ဖြစ်သွားတဲ့အတွက် ကြောင့်ပါ” ဟု ဦးအောင်မြင့်က ပြောသည်။ ယင်းသို့ အလောင်းအခမဲ့သယ်ဆောင်ပေးမည့် အစီအစဉ်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အလောင်းသယ်ရန် အကူအညီလို အပ်ပါက ဝ၉၄၂၉၈၅၁၁၂၁ […]


